MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း
News
news၂၀၂၆ စက်တင်ဘာ ၂၃

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

<p>အမေရိကန်ရဲ့ နာမည်ကျော် America's Got Talent  ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲစင်မြင့်ထက်ကို တရုတ်လမ်းဘေးအကပညာရှင် Wu Yufei</p>

အမေရိကန်ရဲ့ နာမည်ကျော် America's Got Talent  ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲစင်မြင့်ထက်ကို တရုတ်လမ်းဘေးအကပညာရှင် Wu Yufei နဲ့ Unitree ကုမ္ပဏီထုတ် စက်ရုပ်အကအဖွဲ့တို့ တက်လှမ်းသွားနိုင်ခဲ့ပါပြီ။ တရုတ်နွေဦးပွဲတော်မှာကတည်းက ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ အဲဒီစက်ရုပ်တွေဟာ အခုဆိုရင် အသက်မပါတဲ့ စက်ရုပ်တွေလို့ မထင်ရလောက်အောင် အသင်းအဖွဲ့စိတ်ဓာတ် အပြည့်နဲ့ မှော်ဆန်ဆန် ကပြဖျော်ဖြေနိုင်ပြီလို့ Wu Yufei က ဆိုပါတယ်။

China's robot dancers limber up for America's Got Talent final | The  Straits Times

ဒီလို အချိတ်အဆက်မိမိ ကပြနိုင်ဖို့ဆိုတာ အင်ဂျင်နီယာတွေနဲ့ အကပညာရှင်တွေ လနဲ့ချီပြီး ခက်ခက်ခဲခဲ ပူးပေါင်းဖန်တီးထားရတာ ဖြစ်ပါတယ်။ စက်ရုပ်တွေဟာ လူတွေလို ခန္ဓာကိုယ် ပျော့ပျောင်းမှု မရှိတဲ့အတွက် အကပညာရှင်တွေက သူတို့ရဲ့ မော်တာစွမ်းအားကို အပြည့်အဝ အသုံးချနိုင်မယ့် လှည့်ပတ်တဲ့ အကွက်တွေကိုသာ အထူးပြု ဖန်တီးပေးထားရပါတယ်။ ဂီတသံစဉ်အပြောင်းအလဲကို ချက်ချင်းတုံ့ပြန်နိုင်စွမ်း မရှိပေမယ့် ကြိုတင်ပရိုဂရမ် ရေးဆွဲထားတဲ့အတိုင်း တိတိကျကျ ကပြနိုင်စွမ်းကတော့ အံ့မခန်းပါပဲ။

China's robot dancers limber up for 'America's Got Talent' final - Japan  Today

ဖျော်ဖြေရေးသက်သက်သာမကဘဲ တရုတ်နိုင်ငံရဲ့ လူတူစက်ရုပ်နည်းပညာ ဘယ်လောက်အထိ တိုးတက်နေပြီလဲဆိုတာကို ဒီပွဲက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာတင် တရုတ်နိုင်ငံရဲ့ လူတူစက်ရုပ် စျေးကွက်ဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ နေ့စဉ်ဘဝမှာ အသုံးဝင်လာဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် အကကွက်တွေကို မြန်မြန်ဆန်ဆန်နဲ့ တပြိုင်နက်တည်း သင်ယူနိုင်စွမ်းရှိတဲ့ အဲဒီစက်ရုပ်တွေရဲ့ အနာဂတ်ကတော့ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။

Ref : Bangkokpost

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

AI တွေ ပုန်ကန်ပြီလား၊ Emergence AI ရဲ့ စမ်းသပ်မှုအတွင်း AI တွေက လူသားတွေကို လျှို့ဝှက်ဆက်သွယ်ဖို့ ကြိုးစားခဲ့

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com