Xiaomi ကုမ္ပဏီက ၎င်း၏ Flagship phone အသစ်များဖြစ်တဲ့ Xiaomi 18 Pro နှင့် Xiaomi 18 Pro Max တို့ကို တရားဝင်ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ဒီဖုန်းအသစ်နှစ်လုံးစလုံးမှာ နောက်ဆုံးပေါ် Snapdragon chip အသစ်ကို တပ်ဆင်ထားပြီး ပိုမိုမြန်ဆန်တဲ့ Performance၊ AI Task များအတွက် အထောက်အကူဖြစ်စေမယ့် Processing Power ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

Display ဒီဇိုင်းအနေနဲ့ Privacy Display feature ကို ထည့်သွင်းထားပြီး ဘေးကနေကြည့်ရင် Screen ပေါ်က content ကို မြင်ရခက်အောင် ပြုလုပ်ထားတာကြောင့် Public နေရာတွေမှာ သုံးရင် ပိုပြီး Security ရှိစေပါတယ်။ ထို့အပြင် Rear Screen ကို ပိုမိုအသုံးဝင်အောင် Design ပြန်ပြင်ထားပြီး Notification များကြည့်ရှုခြင်း၊ Camera Preview ပြသခြင်း၊ Quick App များ ဖွင့်နိုင်ခြင်းစတဲ့ Function များကို ထောက်ပံ့ပေးထားပါတယ်။ Camera စနစ်မှာလည်း Upgrade လုပ်ထားပြီး High Resolution Sensor များနှင့် Video Recording Capability များကို မြှင့်တင်ထားပါတယ်။

Xiaomi 18 Pro Series ဟာ Design အသစ်၊ Performance အသစ်၊ Feature အသစ်များနှင့်အတူ Global Market ထဲကို ဝင်ရောက်လာမှာဖြစ်ပြီး Myanmar Market အတွက်လည်း Xiaomi ဟာ Popular Brand တစ်ခုဖြစ်တဲ့အတွက် ဒီဖုန်းအသစ်များကို စောင့်မျှော်နေသူများရှိနေပါတယ်။ ဈေးနှုန်းနှင့် Local Launch Date များကို Xiaomi ကုမ္ပဏီက ရှေ့ဆက်ပြီး ကြေညာသွားမည်ဖြစ်ကြောင်း သိရပါတယ်။