MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တောင်ပိုင်းကယ်လီဖိုးနီးယား ဈေးဝယ်စင်တာကို တက်စလာကား ဝင်တိုက်မှုကြောင့် အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံး
News
news၂၀၂၆ ဇူလိုင် ၂

တောင်ပိုင်းကယ်လီဖိုးနီးယား ဈေးဝယ်စင်တာကို တက်စလာကား ဝင်တိုက်မှုကြောင့် အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံး

<p>တောင်ပိုင်းကယ်လီဖိုးနီးယား ဆီမီဗယ်လီရှိ တားဂတ်ဈေးဝယ်စင်တာတစ်ခုမှာ တက်စလာကားတစ်စီး ဝင်တိုက်မှုကြောင့် လမ်းလျှောက်နေတဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး</p>

တောင်ပိုင်းကယ်လီဖိုးနီးယား ဆီမီဗယ်လီရှိ တားဂတ်ဈေးဝယ်စင်တာတစ်ခုမှာ တက်စလာကားတစ်စီး ဝင်တိုက်မှုကြောင့် လမ်းလျှောက်နေတဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ တနင်္လာနေ့ နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တခြားလူ ၅ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

79-year-old woman killed after Tesla crashes into Southern California shopping center | KTLA

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ တက်စလာကားကို မောင်းနှင်လာတဲ့ အမျိုးသမီးဟာ ကားကို မထိန်းချုပ်နိုင်ဘဲ လမ်းဘေးပလတ်ဖောင်းပေါ်ကို ကျော်တက်ကာ လမ်းလျှောက်နေတဲ့ အမျိုးသမီးကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ကားဟာ ကဖေးဆိုင်ရဲ့ ပြင်ပစားသောက်နားနေဆောင်ထဲအထိ ဆက်လက်ဝင်ရောက်သွားခဲ့ပါတယ်။ ကားမောင်းသူ အမျိုးသမီးနဲ့ ကားထဲမှာ ပါလာတဲ့ ကလေး ၃ ဦးထဲက ၁ ဦးတို့ဟာ ဒဏ်ရာရရှိလို့ ဆေးရုံကို ပို့ဆောင်ထားရပြီး ပြင်ပမှာ ရှိနေတဲ့ တခြားလူ ၄ ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ်။

Tesla crashes into cafe killing 79-year-old woman and injuring five others | The Independent

သေဆုံးသွားတဲ့ အမျိုးသမီးဟာ အဂိုရာဟေးလ်စ်မှာ နေထိုင်သူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ကားမောင်းသူဟာ မူးယစ်ဆေးဝါး ဒါမှမဟုတ် အရက်သေစာ သောက်စားထားတဲ့ လက္ခဏာမျိုး မတွေ့ရကြောင်းနဲ့ မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Ref: newsnationnow

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com