MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
SpaceX IPO နေ့မှာ ပေ ၄၀ မြင့်တဲ့ အီလွန်မတ်စ်ရဲ့ ပုံတူလေထိုးအရုပ်ကြီးနဲ့ ဆန္ဒပြမှု ဖြစ်ပွား
News
news၂၀၂၆ ဇွန် ၁၃

SpaceX IPO နေ့မှာ ပေ ၄၀ မြင့်တဲ့ အီလွန်မတ်စ်ရဲ့ ပုံတူလေထိုးအရုပ်ကြီးနဲ့ ဆန္ဒပြမှု ဖြစ်ပွား

<p>SpaceX ကုမ္ပဏီရဲ့ ရှယ်ယာတွေကို အများပြည်သူဆီ ပထမဆုံးအကြိမ် ထုတ်ရောင်းတဲ့ IPO အခမ်းအနား ကျင်းပနေတဲ့ ကြာသပတေးနေ့မှာ</p>

SpaceX ကုမ္ပဏီရဲ့ ရှယ်ယာတွေကို အများပြည်သူဆီ ပထမဆုံးအကြိမ် ထုတ်ရောင်းတဲ့ IPO အခမ်းအနား ကျင်းပနေတဲ့ ကြာသပတေးနေ့မှာ နယူးယောက်မြို့ Times Square မှာ အမြင့် ပေ ၄၀ ရှိတဲ့ အီလွန်မတ်စ်ရဲ့ အင်္ကျီဗလာကျင်း လေထိုးအရုပ်ကြီးတစ်ခု ပေါ်လာပါတယ်။

အဲဒီ အရုပ်ပေါ်မှာတက်တူးတွေနဲ့အတူ “SpaceX ရဲ့ Grok ဟာ ကလေးသူငယ် ညစ်ညမ်းပုံတွေကို ဖန်တီးပေးနေတယ်” ဆိုတဲ့ စွပ်စွဲချက် မက်ဆေ့ခ်ျတွေကို ရေးသားထားပါတယ်။ အဲဒီ ဆန္ဒပြမှုကို Safe AI Now အဖွဲ့က ဦးဆောင်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဆန္ဒပြသူတွေဟာ အီလွန်မတ်စ်က xAI ကုမ္ပဏီကို ဒုံးပျံကုမ္ပဏီဖြစ်တဲ့ SpaceX နဲ့ ပူးပေါင်းလိုက်ပြီးနောက်ပိုင်း Grok AI ရဲ့ အားနည်းချက်တွေကို ထောက်ပြဖို့ အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Grok AI မှာ ခွင့်ပြုချက်မရှိဘဲ တစ်ပါးသူရဲ့ ကိုယ်လုံးတီးပုံရိပ်တွေနဲ့ ကလေးသူငယ်တွေရဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်လောက်အောင် စည်းကမ်းသတ်မှတ်ချက် အကာအကွယ်တွေ အားနည်းနေတာကို သူတို့က ဝေဖန်ထားပါတယ်။

ဒါ့အပြင် အီလွန်မတ်စ်ရဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု သတင်းတွေကို ရည်ညွှန်းပြီး မီးပုံးပျံမှာ နှလုံးသားပုံစံ ကက်တမင်း (Ketamine) တက်တူးကိုလည်း ထည့်သွင်းပုံဖော်ထားပါတယ်။

Elon Musk Talks Drugs, Aging, Children In Wide-Ranging Interview - Bloomberg

Safe AI Now အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အီလွန်မတ်စ် တစ်ယောက် ချမ်းသာကြွယ်ဝလာချိန်မှာ SpaceX ရှယ်ယာရှင်တွေအနေနဲ့ Grok AI ကြောင့် နောက်ဆက်တွဲ ကြုံရမယ့် တရားစွဲဆိုမှုတွေနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဒဏ်ငွေတွေကို သတိထားကြဖို့ သတိပေးထားပါတယ်။

တစ်ဖက်မှာလည်း SpaceX ဟာ ရှယ်ယာတစ်စုကို ၁၃၅ ဒေါ်လာနဲ့ စျေးကွက်ထဲ စတင်ရောင်းချခဲ့ပြီး သမိုင်းမှာ အကြီးမားဆုံး IPO အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com