MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ကမ္ဘာ့ လူဦးရေဟာ ၈.၃ ဘီလီယံရှိလာပြီ ဖြစ်ပြီး ကမ္ဘာကြီးဟာ ၂.၅ ဘီလီယံပဲ လက်ခံနိုင်တယ်လို့ စ-စ်တမ်းက ဖော်ပြ
News
news၂၀၂၆ ဧပြီ ၁၂

ကမ္ဘာ့ လူဦးရေဟာ ၈.၃ ဘီလီယံရှိလာပြီ ဖြစ်ပြီး ကမ္ဘာကြီးဟာ ၂.၅ ဘီလီယံပဲ လက်ခံနိုင်တယ်လို့ စ-စ်တမ်းက ဖော်ပြ

<p>Flinders တက္ကသိုလ်က ပရော်ဖက်ဆာ Corey Bradshaw ဦးဆောင်တဲ့ လေ့လာမှုအသစ်အရ လက်ရှိကမ္ဘာ့လူဦးရေဟာ ကမ္ဘာကြီးက ရေရှည်တောင့်ခံနိုင်တဲ့</p>

Flinders တက္ကသိုလ်က ပရော်ဖက်ဆာ Corey Bradshaw ဦးဆောင်တဲ့ လေ့လာမှုအသစ်အရ လက်ရှိကမ္ဘာ့လူဦးရေဟာ ကမ္ဘာကြီးက ရေရှည်တောင့်ခံနိုင်တဲ့ ပမာဏထက် ကျော်လွန်နေပြီလို့ သတိပေးထားပါတယ်။

လောလောဆယ် ကမ္ဘာပေါ်မှာ လူဦးရေ ၈.၃ ဘီလီယံလောက် ရှိနေပေမယ့် အစားအစာ၊ ရေ၊ စွမ်းအင်နဲ့ ဂေဟစနစ် အကန့်အသတ်တွေကို တွက်ချက်ကြည့်ရင် ရေရှည်အတွက် အန္တရာယ်ကင်းတဲ့ လူဦးရေပမာဏဟာ ၂.၅ ဘီလီယံဝန်းကျင်ပဲ ရှိသင့်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

Global human population pushing Earth past breaking point – News

အခုလို လူဦးရေအမြောက်အမြားကို လက်ခံထားနိုင်တာဟာ ရုပ်ကြွင်းလောင်စာတွေရဲ့ အကူအညီနဲ့ အစားအစာထုတ်လုပ်မှုနဲ့ စွမ်းအင်ထောက်ပံ့မှုကို ယာယီမြှင့်တင်ထားနိုင်လို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုလုပ်ဆောင်မှုတွေကြောင့် ရာသီဥတုဖောက်ပြန်တာ၊ သယံဇာတ ပြုန်းတီးတာနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းတာတွေကို ရင်းနှီးလိုက်ရပါတယ်။

လက်ရှိအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ၂၀၆၀ ဒါမှမဟုတ် ၂၀၇၀ ခုနှစ်တွေမှာ ကမ္ဘာ့လူဦးရေဟာ ၁၂.၄ ဘီလီယံလောက်အထိ အမြင့်ဆုံး ရောက်ရှိသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

A 'ghastly future' unless extraordinary action is taken soon on sustainability | UCLA

သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာ့သယံဇာတ စနစ်တွေဟာ အခုကတည်းက ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီလို့ သတိပေးထားပါတယ်။ ဒါကြောင့် ရေရှည်မှာ ဂေဟစနစ်တွေ ပျက်စီးမသွားအောင် စွမ်းအင်အသုံးပြုမှု၊ မြေယာစီမံခန့်ခွဲမှုနဲ့ စားသုံးမှုပုံစံတွေကို အရေးပေါ် ပြောင်းလဲဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။ အနာဂတ်မှာ ဖြစ်လာမယ့် ဂေဟစနစ်ဆိုင်ရာ အကျပ်အတည်းတွေကို ရှောင်လွှဲနိုင်ဖို့အတွက် အခုကတည်းက ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com
ကမ္ဘာ့ လူဦးရေဟာ ၈.၃ ဘီလီယံရှိလာပြီ ဖြစ်ပြီး ကမ္ဘာကြီးဟာ ၂.၅ ဘီလီယံပဲ လက်ခံနိုင်တယ်လို့ စ-စ်တမ်းက ဖော်ပြ | MyTech Myanmar