MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
နေရာင်ခြည်စွမ်းအင်နဲ့ မိုင် ၁,၀၀၀ မောင်းနှင်နိုင်ခဲ့တဲ့ EV ကား
News
news၂၀၂၆ ဇူလိုင် ၁၃

နေရာင်ခြည်စွမ်းအင်နဲ့ မိုင် ၁,၀၀၀ မောင်းနှင်နိုင်ခဲ့တဲ့ EV ကား

<p>EV ကား သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ သမိုင်းမှတ်တိုင်တစ်ခု ရေးထိုးလိုက်ပါတယ်။ Renault 4 E-Tech လျှပ်စစ်ကားဟာ ဗြိတိန်နိုင်ငံတစ်ခွင်</p>

EV ကား သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ သမိုင်းမှတ်တိုင်တစ်ခု ရေးထိုးလိုက်ပါတယ်။ Renault 4 E-Tech လျှပ်စစ်ကားဟာ ဗြိတိန်နိုင်ငံတစ်ခွင် မိုင် ၁,၀၀၀ (၁,၆၀၉ ကီလိုမီတာ) အကွာအဝေး ခရီးစဉ်ကို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ရာခိုင်နှုန်းပြည့် အသုံးပြုပြီး အောင်မြင်စွာ မောင်းနှင်ပြသနိုင်ခဲ့ပါတယ်။ ငါးရက်ကြာမြင့်ခဲ့တဲ့ ဒီသမိုင်းဝင်ခရီးစဉ်ကို အင်္ဂလန်အနောက်တောင်ပိုင်း Land's End ကနေ စတင်ခဲ့တာဖြစ်ပြီး စကော့တလန်မြောက်ပိုင်း John O'Groats မှာ အဆုံးသတ်ခဲ့တာပါ။ ခရီးစဉ်တစ်လျှောက်လုံးမှာ ဗြိတိန်ရဲ့ အမျိုးသား လျှပ်စစ်ဓာတ်အားလိုင်းက စွမ်းအင်ကို လုံးဝမသုံးဘဲ နေရောင်ခြည်ကရရှိတဲ့ သန့်စင်စွမ်းအင်တစ်ခုတည်းနဲ့ပဲ ကားကို ရာနှုန်းပြည့် အားသွင်းမောင်းနှင်ခဲ့တာဖြစ်ပါတယ်။

Renault EV completes 1,000-mile UK trip on solar power

ခရီးစဉ်အတွင်း Renault 4 E-Tech ကားဟာ မောင်းနှင်နေစဉ် ဆိုလာပြားတွေဆီကနေ တိုက်ရိုက်ဓာတ်အားယူခဲ့တာမျိုး မဟုတ်ဘဲ ကြိုတင်စီစဉ်ထားတဲ့ ရပ်နားစခန်းတွေမှာ ဆိုလာစနစ်တွေနဲ့ နေရောင်ခြည်စွမ်းအင် ဖြည့်တင်းထားတဲ့ အဆင့်မြင့် ရွှေ့ပြောင်းဓာတ်အားသိုလှောင်စနစ် (Portable Battery Storage) တွေကနေတစ်ဆင့် ပြန်လည်အားသွင်းပေးခဲ့တာ ဖြစ်ပါတယ်။

Renault 4 E-Tech electric: the most versatile electric vehicle in the B  segment - Renault global media website

ဒီစမ်းသပ်မှုဟာ နေ့စဉ်ပုံမှန် ကားမောင်းနှင်မှုမျိုး မဟုတ်ဘဲ စနစ်တကျ ကြိုတင်ပြင်ဆင်ထားရတဲ့ ပရောဂျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်လည်ပြည့်ဖြိုးမြဲ ဆိုလာစွမ်းအင်နဲ့ EV ကားတွေကို မိုင်ပေါင်းများစွာ မောင်းနိုင်တယ်ဆိုတာ မီးမောင်းထိုးပြလိုက်နိုင်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com