MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
မောင်းသူမဲ့လျှပ်စစ်ဘတ်စ်ကားသစ် ပြေးဆွဲပြီး တစ်နာရီအကြာမှာပဲ ရထားနဲ့တိုက်မိ
News
news၂၀၂၆ ဇွန် ၄

မောင်းသူမဲ့လျှပ်စစ်ဘတ်စ်ကားသစ် ပြေးဆွဲပြီး တစ်နာရီအကြာမှာပဲ ရထားနဲ့တိုက်မိ

<p>ဆွီဒင်နိုင်ငံ ဂိုသမ်ဘတ်မြို့ (Gothenburg) မှာ ခရီးသည်တွေဆီကနေ ယာဉ်စီးခ စတင်ကောက်ခံပြီး ပထမဆုံးအကြိမ် ပြေးဆွဲတဲ့ မောင်းသူမဲ့လျှပ်စစ်ဘတ်စ်ကားတစ်စီးဟာ</p>

ဆွီဒင်နိုင်ငံ ဂိုသမ်ဘတ်မြို့ (Gothenburg) မှာ ခရီးသည်တွေဆီကနေ ယာဉ်စီးခ စတင်ကောက်ခံပြီး ပထမဆုံးအကြိမ် ပြေးဆွဲတဲ့ မောင်းသူမဲ့လျှပ်စစ်ဘတ်စ်ကားတစ်စီးဟာ ခရီးစဉ်စတင်ပြီး တစ်နာရီဝန်းကျင်အကြာမှာပဲ ဓာတ်ရထား (Tram) တစ်စီးနဲ့ တိုက်မိသွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ Västtrafik က ပြေးဆွဲတဲ့ အဲဒီဘတ်စ်ကားဟာ လမ်းမပေါ်မှာ ရုတ်တရက်ကြီး ဘရိတ်ဆောင့်အုပ်လိုက်တာကြောင့် နောက်ကနေ ကပ်ပါလာတဲ့ ဓာတ်ရထားက ဘတ်စ်ကားနောက်မြီးကို အရှိန်နဲ့ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

တူရကီနိုင်ငံထုတ် Karsan အမျိုးအစား အဆိုပါမောင်းသူမဲ့ဘတ်စ်ကားဟာ ၂၀၂၆ ခုနှစ် မတ်လကတည်းက လမ်းပေါ်မှာ စမ်းသပ်မောင်းနှင်မှုတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပြီး အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်မောင်းတစ်ဦးလည်း အမြဲတမ်း အနောက်ကနေ စောင့်ကြည့်လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။

Gothenburg Self-Driving Bus Crash: Vehicle Hits Tram on Day One

ဒီမတော်တဆမှုကြောင့် ဘတ်စ်ကားပေါ်ပါလာတဲ့ ခရီးသည်တွေနဲ့ ဝန်ထမ်းတွေ ကံကောင်းထောက်မစွာနဲ့ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိပါဘူး။

ဒါပေမဲ့လည်း ယာဉ်နှစ်စီးစလုံး တော်တော်လေး ထိခိုက်ပျက်စီးသွားခဲ့တာကြောင့် အဆိုပါမောင်းသူမဲ့ဘတ်စ်ကားကို အသေးစိတ်စစ်ဆေးမှုတွေလုပ်ဖို့အတွက် ပြေးဆွဲမှုရပ်နားပြီး ဂိတ်ကို ပြန်လည်သိမ်းဆည်းသွားခဲ့ပါတယ်။ အခုစမ်းသပ်ပြေးဆွဲမှုကို ၂၀၂၇ ခုနှစ် ဇူလိုင်လအထိ လုပ်ဆောင်သွားဖို့ ခွင့်ပြုချက်ရရှိထားတာ ဖြစ်ပါတယ်။

Self-driving bus in Sweden crashes with tram on first day

အခုဖြစ်စဉ်ဟာ မြို့ပြရဲ့တကယ့်ယာဉ်ကြောပိတ်ဆို့မှုတွေကြားထဲမှာ မောင်းသူမဲ့သယ်ယူပို့ဆောင်ရေးစနစ်ကို စမ်းသပ်ဖို့ ဆွီဒင်နိုင်ငံရဲ့ ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး ယာဉ်မျိုးစုံရောနှောနေတဲ့ လမ်းမတွေပေါ်မှာ မောင်းသူမဲ့စနစ်တွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ထပ်မံထွက်ပေါ်လာစေခဲ့ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com