MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
၂၀၂၆ ကမ္ဘာ့ဖလားမှာ ပြင်သစ်ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်ကြောင်း စူပါကွန်ပျူတာ ခန့်မှန်း
News
news၂၀၂၆ ဇွန် ၃၀

၂၀၂၆ ကမ္ဘာ့ဖလားမှာ ပြင်သစ်ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်ကြောင်း စူပါကွန်ပျူတာ ခန့်မှန်း

<p>ယူအက်စ်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ အိမ်ရှင်အဖြစ်</p>

ယူအက်စ်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲဟာ အခုအခါမှာတော့ နောက်ဆုံးအဆင့် ၃၂ သင်းအဆင့်ကို ရောက်ရှိလို့နေပြီဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲမှာ ဘယ်အသင်းက ချန်ပီယံဆုကို ဆွတ်ခူးသွားမလဲဆိုတာကို စူပါကွန်ပျူတာတစ်လုံးက အချက်အလက်မျိုးစုံကို အသုံးပြုပြီး တွက်ချက်ခန့်မှန်းပေးလိုက်ပါတယ်။

World Cup 2026 Power Rankings: France's fearsome forwards continue to thrive while Germany's weaknesses are exposed - but can anyone stop Argentina as knockouts draw opens up for Lionel Messi & Co.? |

စူပါကွန်ပျူတာရဲ့ တွက်ချက်မှုတွေအရ ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက ဒုတိယရခဲ့တဲ့ ပြင်သစ်အသင်းဟာ ချန်ပီယံဖလားကို ရရှိဖို့ ၁၈.၆၆ ရာခိုင်နှုန်းနဲ့ အခွင့်အရေးအများဆုံး ရှိနေပါတယ်။

လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းကတော့ ၁၆.၂၆ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပြီး စပိန်အသင်းက ၁၃.၄၇ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ အသီးသီး ရေပန်းစားနေပါတယ်။

FIFA World Cup 2026 Latest News, Fixtures & Results | Reuters

အဲဒီအသင်းတွေရဲ့ နောက်မှာတော့ အင်္ဂလန်အသင်းက ၉.၆၈ ရာခိုင်နှုန်းနဲ့ စတုတ္ထနေရာမှာ ရှိနေပြီး ဘရာဇီးအသင်းက ၆.၄၇ ရာခိုင်နှုန်း၊ အခု ပြိုင်ပွဲက ထွက်ခွာသွားရပြီဖြစ်တဲ့ နယ်သာလန်အသင်းက ၅.၁၁ ရာခိုင်နှုန်းတို့နဲ့ အသီးသီးရပ်တည်နေပါတယ်။

ဒါ့အပြင် ပေါ်တူဂီ၊ ဂျာမနီ၊ ကိုလံဘီယာနဲ့ နော်ဝေတို့လည်း ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ ပါဝင်နေပြီး အာရှအသင်းဖြစ်တဲ့ ဘရာဇီးလ်ကိုရှုံးပြီး ထွက်ခွာသွားရပြီဖြစ်တဲ့ ဂျပန်အသင်းကတော့ ဗိုလ်စွဲဖို့ ၁.၀၂ ရာခိုင်နှုန်းသာ အခွင့်အရေးရှိတယ်လို့ ဖော်ပြထားပါတယ်။

Ref: Khaosod

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com