MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
နှုတ်ခမ်းမွှေးအတုဆွဲပြီး အသက်လိမ်ကြသူများ – အွန်လိုင်းအသက်ကန့်သတ်ချက်တွေကို ဗြိတိန်ကလေးတွေ ဘယ်လိုလှည့်စားနေကြလဲ
News
news၂၀၂၆ မေ ၉

နှုတ်ခမ်းမွှေးအတုဆွဲပြီး အသက်လိမ်ကြသူများ – အွန်လိုင်းအသက်ကန့်သတ်ချက်တွေကို ဗြိတိန်ကလေးတွေ ဘယ်လိုလှည့်စားနေကြလဲ

<p>အွန်လိုင်းပေါ်က အသက်ကန့်သတ်ချက်တွေကို ကျော်ဖြတ်ဖို့အတွက် ဗြိတိန်ကလေးတွေဟာ နှုတ်ခမ်းမွှေးအတုဆွဲတာနဲ့ မွေးသက္ကရာဇ်အမှားတွေ သုံးတာမျိုးတွေ လုပ်ပြီး ပါးပါးနပ်နပ် လိမ်ညာနေကြတယ်လို့</p>

အွန်လိုင်းပေါ်က အသက်ကန့်သတ်ချက်တွေကို ကျော်ဖြတ်ဖို့အတွက် ဗြိတိန်ကလေးတွေဟာ နှုတ်ခမ်းမွှေးအတုဆွဲတာနဲ့ မွေးသက္ကရာဇ်အမှားတွေ သုံးတာမျိုးတွေ လုပ်ပြီး ပါးပါးနပ်နပ် လိမ်ညာနေကြတယ်လို့ Internet Matters ရဲ့ အစီရင်ခံစာသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။ အွန်လိုင်းဘေးကင်းလုံခြုံရေးဥပဒေ (Online Safety Act) အရ တင်းကျပ်ထားတဲ့ စည်းမျဉ်းတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ကလေး ၃ ဦးမှာ ၁ ဦးထက်မက သိနေကြတာပါ။

Children are drawing moustaches on their faces to fool online age checks -  and it's working | Euronews

စစ်တမ်းကောက်ယူခဲ့တဲ့ ကလေး ၁,၀၀၀ ထဲမှာ ၄၆ ရာခိုင်နှုန်းက အသက်စစ်ဆေးတဲ့စနစ်တွေကို ကျော်ဖြတ်ရတာ “အေးဆေးပဲ” လို့ ယူဆထားကြပြီး ၃၂ ရာခိုင်နှုန်းကတော့ တကယ်ကို ကျော်ဖြတ်ပြီး အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေက အသက် ၁၃ နှစ်၊ အပြာဝက်ဘ်ဆိုက်တွေက အသက် ၁၈ နှစ်အထက်လို့ ကန့်သတ်ထားပေမဲ့ ဒီကလေးတွေဟာ အသက်လိမ်ပြီး ဝင်ကြည့်နေကြတာကြောင့် ထက်ဝက်နီးပါးလောက်ဟာ စိတ်မချမ်းမြေ့စရာ အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေကို တွေ့ကြုံနေရပါတယ်။

A Kid With a Fake Mustache Tricked an Online Age-Verification Tool | WIRED

အဆိုးဆုံးကတော့ မိဘ ၆ ဦးမှာ ၁ ဦးက ကလေးတွေကို အသက်လိမ်ရာမှာ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ မိဘတစ်ဦးရဲ့ ပြောပြချက်အရဆိုရင် သူ့ရဲ့ကလေးဟာ မျက်နှာပေါ်မှာ နှုတ်ခမ်းမွှေးအတုဆွဲပြီး အသက် ၁၅ နှစ်ဖြစ်ကြောင်း အွန်လိုင်း ပလက်ဖောင်းတွေကို အောင်အောင်မြင်မြင် လှည့်စားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဗြိတိန်အစိုးရဟာ အသက် ၁၆ နှစ်အောက် ကလေးတွေအတွက် အခုထက်ပိုပြီး တင်းကျပ်တဲ့ ဥပဒေတွေ ထုတ်ပြန်ဖို့ ပြင်ဆင်နေရပြီ ဖြစ်ပါတယ်။

Ref : Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com