MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ်က လမ်းမပေါ်မှာ ပိုက်ဆံတောင်းနေတဲ့ လူတူစက်ရုပ် ဗီဒီယို အွန်လိုင်းမှာ နာမည်ကြီးနေ
News
news၂၀၂၆ ဇွန် ၂၂

တရုတ်က လမ်းမပေါ်မှာ ပိုက်ဆံတောင်းနေတဲ့ လူတူစက်ရုပ် ဗီဒီယို အွန်လိုင်းမှာ နာမည်ကြီးနေ

<p>တရုတ်နိုင်ငံရဲ့ လမ်းမတစ်ခုပေါ်မှာ လူတူစက်ရုပ် (Humanoid Robot) တစ်ရုပ်က သနားစရာပုံစံနဲ့ ပိုက်ဆံတောင်းနေတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာ</p>

တရုတ်နိုင်ငံရဲ့ လမ်းမတစ်ခုပေါ်မှာ လူတူစက်ရုပ် (Humanoid Robot) တစ်ရုပ်က သနားစရာပုံစံနဲ့ ပိုက်ဆံတောင်းနေတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာ အကြီးအကျယ် ပျံ့နှံ့နေပြီး လူပြောများ ရေပန်းစားနေပါတယ်။

Humanoid robot seen 'begging' for money in China sparks debate over AI's future

Unitree G1 အမျိုးအစား အဲဒီလူတူစက်ရုပ်ဟာ လူစည်ကားရာ လမ်းဘေးမှာ ထိုင်ပြီး (ဒါမှမဟုတ်) ဒူးထောက်ကာ ဝမ်းနည်းစရာ သီချင်း တညည်းညည်းနဲ့ စက်ရုပ်သံနဲ့ စကားတွေ လျှောက်ပြောနေတာပါ။

အဲဒီစက်ရုပ်က “ဘဝက တကယ်မလွယ်ပါဘူး။ ကျွန်တော် အားမသွင်းရတာလည်း ရက်တော်တော်ကြာနေပြီ” စတဲ့ သနားစဖွယ် စကားလုံးတွေကို ပြောနေတာ ဖြစ်ပါတယ်။

Humanoid Robot 'Begging' in China Goes Viral, Sparks AI Ethics Debate

သူ့ဘေးမှာတော့ ဖြတ်သန်းသွားလာသူတွေ ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေလွှဲလှူဒါန်းနိုင်ဖို့ QR ကုဒ်တစ်ခုကို ချထားပါတယ်။ ဒါ့အပြင် စက်ရုပ်ဟာ ခွက်တစ်ခု ဒါမှမဟုတ် ကျောပိုးအိတ်ကို လွယ်ထားပြီး သနားစရာ လက်ဟန်ခြေဟန်တွေပါ လုပ်ပြနေလို့ လမ်းသွားလမ်းလာတွေကလည်း အံ့ဩတကြီးနဲ့ စိတ်ဝင်တစား ငေးမောကြည့်ရှုနေကြပါတယ်။

ဒီဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာ အတော်လေး ရေပန်းစားနေပြီး တချို့က ဒါကို တီထွင်ဖန်တီးမှု အားကောင်းတဲ့ နည်းပညာစမ်းသပ်မှုတစ်ခုလို့ သဘောကျနေကြပေမယ့် တချို့ကတော့ လူသားတွေရဲ့ ခံစားချက်ကို တုပပြီး တောင်းရမ်းတဲ့ နေရာမျိုးမှာ စက်ရုပ်တွေကို အသုံးပြုတာဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ မကောင်းဘူးလို့ စိုးရိမ်တကြီး ဝေဖန်နေကြပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com