MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
နံရံကို ပေါက်ထွက်မတတ် ဘောလုံးကန်သွင်းနိုင်တဲ့ လူတူစက်ရုပ် T1
News
news၂၀၂၆ ဇွန် ၁၅

နံရံကို ပေါက်ထွက်မတတ် ဘောလုံးကန်သွင်းနိုင်တဲ့ လူတူစက်ရုပ် T1

<p>Booster Robotics ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ T1 လူတူစက်ရုပ်ဟာ ဘောလုံးကို အားပြင်းပြင်းနဲ့ ကန်သွင်းလိုက်ရာမှာ ဂိုးပိုက်ကို</p>

Booster Robotics ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ T1 လူတူစက်ရုပ်ဟာ ဘောလုံးကို အားပြင်းပြင်းနဲ့ ကန်သွင်းလိုက်ရာမှာ ဂိုးပိုက်ကို ဖောက်ထွက်ပြီး နောက်ကွယ်က နံရံကိုပါ အပေါက်ဖြစ်သွားစေလောက်အောင် စွမ်းအားပြခဲ့တဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်ပေါ်မှာ အတော်လေး ရေပန်းစားနေပါတယ်။

ပေကျင်းအခြေစိုက် Booster Robotics ကုမ္ပဏီဟာ အဲဒီစက်ရုပ်ကို ဘောလုံးကန်တဲ့ သရုပ်ပြပွဲတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး အားပြင်းတဲ့ ကန်ချက်တွေတင်မကဘဲ ထောင့်ဖြတ် ကန်သွင်းချက်တွေကိုပါ တိတိကျကျ လုပ်ဆောင်နိုင်တာကို ပြသခဲ့တာ ဖြစ်ပါတယ်။

Robot soccer player dents wall with terrifying kicks

အခုလို ဗီဒီယိုတွေဟာ အားကစား၊ ကခုန်ခြင်းနဲ့ ကိုယ်ခံပညာရပ်တွေမှာ လူတူစက်ရုပ်တွေကို ပိုမိုတိုးမြှင့်အသုံးပြုလာတာကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ အဲဒီဗီဒီယိုတွေဟာ စနစ်တကျ ထိန်းချုပ်ထားတဲ့ သရုပ်ပြကွက်တွေသာ ဖြစ်တာကြောင့် လက်တွေ့ပြင်ပကမ္ဘာမှာ အမှားအယွင်းမရှိ အမြဲတမ်း ပုံမှန်စွမ်းဆောင်နိုင်မယ့် အခြေအနေမျိုးကို အပြည့်အဝ ကိုယ်စားမပြုနိုင်သေးဘူးလို့ ဆိုကြပါတယ်။

Booster Robotics T1 robot kicks soccer balls hard enough to dent walls | Fox News

အဲဒီ T1 စက်ရုပ်ဟာ RoboCup စက်ရုပ်ဘောလုံးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် သုတေသီတွေကတော့ အဲဒီစက်ရုပ်ရဲ့ ပြင်းထန်တဲ့ စွမ်းအားဟာ လူသားတွေရဲ့ ပတ်ဝန်းကျင်မှာ သေချာမထိန်းချုပ်နိုင်ရင် ဘေးအန္တရာယ် ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com