MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
လေဆိပ်ပို့ခိုင်းတာကို အိတ်ပါယူပြေးတဲ့ Waymo မောင်းသူမဲ့တက္ကစီ – ခရီးသည်တော့ အိတ်မပါဘဲ လေယာဉ်တက်လိုက်ရ
News
news၂၀၂၆ မေ ၁၁

လေဆိပ်ပို့ခိုင်းတာကို အိတ်ပါယူပြေးတဲ့ Waymo မောင်းသူမဲ့တက္ကစီ – ခရီးသည်တော့ အိတ်မပါဘဲ လေယာဉ်တက်လိုက်ရ

<p>အမေရိကန်က ဆန်ဟိုဆေးလေဆိပ်မှာ Waymo မောင်းသူမဲ့တက္ကစီ (Robotaxi) တစ်စီးဟာ ခရီးသည်ကို လေဆိပ်ပို့ပေးပြီးနောက်မှာတော့ ခရီးသည်ရဲ့အိတ်ကိုပါ “မေတ္တာလက်ဆောင်”</p>

အမေရိကန်က ဆန်ဟိုဆေးလေဆိပ်မှာ Waymo မောင်းသူမဲ့တက္ကစီ (Robotaxi) တစ်စီးဟာ ခရီးသည်ကို လေဆိပ်ပို့ပေးပြီးနောက်မှာတော့ ခရီးသည်ရဲ့အိတ်ကိုပါ “မေတ္တာလက်ဆောင်” အဖြစ် သိမ်းပြီး မောင်းထွက်ပြေးသွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

Waymo to cover shipping after robotaxi leaves passenger's luggage

ခရီးသည် ဒီဂျင် ကတော့ လေဆိပ်ရောက်လို့ ကားနောက်ဖုံးဖွင့်ဖို့ ခလုတ်ကို အသည်းအသန်နှိပ်ခဲ့ပေမဲ့ Robotaxi ကြီးကတော့ “ငါ့အလုပ် ငါပြီးပြီ” ဆိုတဲ့အတိုင်း ဘာမှဂရုမစိုက်ဘဲ အိတ်ကြီးတင်ပြီး ဇွတ်မောင်းထွက်သွားတာပါ။ “ကျွန်တော် ခလုတ်နှိပ်ပေမဲ့ သူက ဘာမှမထူးခြားဘဲ ချက်ချင်းကြီး မောင်းထွက်သွားတာဗျ” လို့ ဒီဂျင်က စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။

Riding in cars with robots: One woman's Waymo experience | Mashable

ပိုဆိုးတာက Waymo ကုမ္ပဏီကို ဖုန်းဆက်တဲ့အခါမှာတော့ “ကားက ဂိုဒေါင်ကို ပြန်နေပြီမို့လို့ လှည့်လာပေးလို့ မရတော့ဘူး” လို့ အကြောင်းပြန်ခဲ့တာကြောင့် ခရီးသည်ခမျာ အိတ်မပါဘဲ လေယာဉ်တက်ခဲ့ရပါတယ်။ “ဒါကြီးက သုံးရတာ အဆင်ကိုမပြေတာ၊ ကျွန်တော့်အမှားမဟုတ်ဘဲ သူ့စနစ်က ကြောင်သွားတာ” လို့ သူက ထပ်ပြောပါတယ်။

Waymo ဘက်ကတော့ “ခင်ဗျားအိတ်ကတော့ တို့ဆီမှာ ဘေးကင်းပါတယ်၊ ဒါပေမဲ့ မပို့ပေးနိုင်ဘူးနော်၊ လာယူရင်ယူ မယူရင် ပို့ခပေး” ဆိုပြီး ခပ်တည်တည်ပဲ တုံ့ပြန်ခဲ့တာကြောင့် ဒီဂျင်တစ်ယောက် အတော်လေး အူကြောင်ကြောင် ဖြစ်သွားခဲ့ရပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com