MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဦးနှောက်တွင်း ကြိုးမဲ့ကိရိယာ ထည့်သွင်းလိုက်တာနဲ့ မျက်မမြင်တွေ အလင်းပြန်ရပြီ
News
news၂၀၂၆ မေ ၁၁

ဦးနှောက်တွင်း ကြိုးမဲ့ကိရိယာ ထည့်သွင်းလိုက်တာနဲ့ မျက်မမြင်တွေ အလင်းပြန်ရပြီ

<p>မျက်မမြင်ဝေဒနာရှင်တွေ အမြင်အာရုံပြန်ရလာဖို့ မျှော်လင့်ချက်တွေ ပိုတောက်ပလာပါတယ်။ အမြင်အာရုံအတု ဖန်တီးပေးနိုင်မယ့် ကြိုးမဲ့ဦးနှောက်မြှုပ်နှံမှုစနစ် (ICVP) ကို အမေရိကန်နိုင်ငံ</p>

မျက်မမြင်ဝေဒနာရှင်တွေ အမြင်အာရုံပြန်ရလာဖို့ မျှော်လင့်ချက်တွေ ပိုတောက်ပလာပါတယ်။ အမြင်အာရုံအတု ဖန်တီးပေးနိုင်မယ့် ကြိုးမဲ့ဦးနှောက်မြှုပ်နှံမှုစနစ် (ICVP) ကို အမေရိကန်နိုင်ငံ Rush တက္ကသိုလ်ဆေးဘက်ဆိုင်ရာစင်တာမှာ တတိယမြောက်လူနာကို အောင်မြင်စွာ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

Revolutionary Wireless Visual Prosthesis Brain Implant Marks Two Years of  Successful Testing After Surgical Implantation | Illinois Institute of  Technology

ဒီနည်းပညာရဲ့ ထူးခြားချက်က ပျက်စီးနေတဲ့ မျက်ကြည်လွှာနဲ့ အမြင်အာရုံကြောတွေကို အသုံးမပြုတော့ဘဲ ဦးနှောက်ရဲ့ အမြင်အာရုံဗဟိုချက်ကို လျှပ်စစ်အချက်ပြမှုတွေနဲ့ တိုက်ရိုက်လှုံ့ဆော်ပေးတာပါ။ အခုနောက်ဆုံး ခွဲစိတ်မှုမှာတော့ အီလက်ထရုတ် (Electrode) ပေါင်း ၅၄၄ ခု ပါဝင်တဲ့ ကြိုးမဲ့လှုံ့ဆော်ကိရိယာ ၃၄ ခုကို လူနာရဲ့ ဦးနှောက်ထဲမှာ မြှုပ်နှံပေးခဲ့တာ ဖြစ်ပါတယ်။

Brain implant delivers artificial sight to people with complete blindness | Engineering and Technology Magazine

လူနာဟာ ခွဲစိတ်မှုကနေ ပြန်လည်သက်သာလာတာနဲ့ လမ်းသွားလမ်းလာပြုလုပ်တာနဲ့ အခြေခံအမြင်အာရုံဆိုင်ရာ ကိစ္စရပ်တွေအတွက် ဦးနှောက်ထဲကို ရောက်လာမယ့် အချက်ပြမှုတွေကို ဘယ်လိုဘာသာပြန်ရမလဲဆိုတာ စတင်လေ့ကျင့်ရမှာပါ။

တတိယမြောက်လူနာအထိ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တာဟာ ဒီစနစ်က လူတိုင်းအတွက် တကယ်အလုပ်ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြလိုက်တဲ့ သိပ္ပံလောကရဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com