MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တောင်ပေါ်ကနေ ပေ ၃၃၀ ကျော် ပြုတ်ကျသွားတဲ့ ကားထဲက အမျိုးသမီးကို iPhone က အသက်ကယ်တင်နိုင်ခဲ့
News
news၂၀၂၆ မေ ၃၁

တောင်ပေါ်ကနေ ပေ ၃၃၀ ကျော် ပြုတ်ကျသွားတဲ့ ကားထဲက အမျိုးသမီးကို iPhone က အသက်ကယ်တင်နိုင်ခဲ့

<p>ဝေလပြည်နယ်က တောင်ပတ်လမ်းတစ်ခုမှာ ညဘက် ကားမောင်းလာတဲ့ နာတာလီယာ ဆီဒေါစကာ ဆိုတဲ့ အမျိုးသမီးဟာ အကွေ့တစ်ခုမှာ အရှိန်မထိန်းနိုင်ဘဲ</p>

ဝေလပြည်နယ်က တောင်ပတ်လမ်းတစ်ခုမှာ ညဘက် ကားမောင်းလာတဲ့ နာတာလီယာ ဆီဒေါစကာ ဆိုတဲ့ အမျိုးသမီးဟာ အကွေ့တစ်ခုမှာ အရှိန်မထိန်းနိုင်ဘဲ ပေ ၃၃၀ အနက်ရှိတဲ့ တောင်အောက်ကို ကားနဲ့အတူ လိမ့်ဆင်း ပြုတ်ကျသွားခဲ့ပါတယ်။

ကားရပ်သွားတဲ့အချိန်မှာ မီးစွဲလောင်နေတာကြောင့် သူဟာ ကားထဲကနေ အသက်လုပြီး အပြင်ကို အမြန်ဆုံး ရုန်းထွက်ခဲ့ရပါတယ်။ သူ ကားထဲကနေ ရုန်းထွက်ပြီး ဝေးရာကို ပြေးပြီး စက္ကန့်ပိုင်းအကြာမှာပဲ ကားတစ်စီးလုံး ဝုန်းခနဲ ပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို သေမင်းနဲ့ လက်တစ်ကမ်းအလို ကြုံတွေ့နေရချိန်မှာ သူ့ရဲ့ iPhone ထဲမှာပါတဲ့ Crash Detection (ယာဉ်တိုက်မှု သိရှိနိုင်တဲ့ စနစ်) က အလိုအလျောက် အလုပ်လုပ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေဆီ အကြောင်းကြားပေးခဲ့ပါတယ်။

ဒီစနစ်ကြောင့်ပဲ မိနစ် ၂၀ အကြာမှာ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာပြီး သူ့ကို အချိန်မီ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ iPhone ရဲ့ ဒီနည်းပညာက ပြင်းပြင်းထန်ထန် ရိုက်ခတ်မှုကို သိရှိတာနဲ့ ၁၀ စက္ကန့်ကြာ Countdown စတင်ရေတွက်ပြီး အကြောင်းမပြန်ရင် ကယ်ဆယ်ရေးအဖွဲ့တွေဆီ တိကျတဲ့ တည်နေရာနဲ့တကွ အလိုအလျောက် ဖုန်းခေါ်ဆို အကြောင်းကြားပေးတာ ဖြစ်ပါတယ်။

iPhone Crash Detection saved driver after 330ft mountain drop

ဒီလို အသက်ဘေးကနေ ကယ်တင်ပေးနိုင်တဲ့ Crash Detection စနစ်ဟာ iPhone 14 နဲ့ အထက် ဖုန်းတွေအပြင် Apple Watch Series 8 နဲ့ နောက်ပိုင်းထွက် စမတ်နာရီတွေမှာ အလိုအလျောက် ပါဝင်လာတာ ဖြစ်ပါတယ်။

ဒီစနစ်ကို အသုံးပြုဖို့ ဖုန်းရဲ့ Settings ထဲက Emergency SOS မှာ သွားရောက် ဖွင့်လှစ်ထားနိုင်သလို၊ Privacy & Security ရဲ့ တည်နေရာပြစနစ်မှာလည်း Emergency Calls & SOS ကို ဖွင့်ထားဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် Health App ထဲက Medical ID မှာ ကိုယ့်ရဲ့ ရောဂါအခံ၊ ဓာတ်မတည့်တာတွေနဲ့ အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ကြိုတင်ဖြည့်စွက်ထားရင် အရေးပေါ်အခြေအနေတွေမှာ အသက်ဘေးကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Ref: Yahoo

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com