MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI ဘယ်လောက်တော်တော် အကယ်ဒမီတော့ မရနိုင် – အော်စကာရဲ့ စည်းမျဉ်းအသစ်
News
news၂၀၂၆ မေ ၃

AI ဘယ်လောက်တော်တော် အကယ်ဒမီတော့ မရနိုင် – အော်စကာရဲ့ စည်းမျဉ်းအသစ်

<p>အော်စကာဆု ချီးမြှင့်တဲ့ ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီ (The Academy) က (၉၉) ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက်</p>

အော်စကာဆု ချီးမြှင့်တဲ့ ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီ (The Academy) က (၉၉) ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက် စည်းမျဉ်းသစ်တွေကို ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစည်းမျဉ်းတွေအရ AI နဲ့ ဖန်တီးထားတဲ့ သရုပ်ဆောင်တွေ ဒါမှမဟုတ် ဇာတ်ညွှန်းတွေကို ဆုပေးဖို့အတွက် ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးလို့ တရားဝင် အတည်ပြုလိုက်တာပါ။ အဓိကအားဖြင့်တော့ လူသားတွေရဲ့ ဖန်တီးမှုနဲ့ လုပ်ဆောင်ချက်တွေကိုသာ အသိအမှတ်ပြုသွားမယ့် သဘောပဲ ဖြစ်ပါတယ်။

Conan O'Brien hosts the live ABC telecast of the 97th Oscars awards.

အခုစည်းမျဉ်းသစ်အရ သရုပ်ဆောင်ဆုတွေအတွက်ဆိုရင် လူသားတွေကိုယ်တိုင် သရုပ်ဆောင်ထားပြီး သူတို့ရဲ့ ခွင့်ပြုချက်ပါဝင်တဲ့ ဖျော်ဖြေမှုမျိုးကိုပဲ သတ်မှတ်မှာ ဖြစ်ပါတယ်။

ဇာတ်ညွှန်းကဏ္ဍမှာလည်း AI က ရေးသားပေးထားတာမျိုး မဟုတ်ဘဲ လူသားစာရေးဆရာတွေ ကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်ညွှန်းတွေကိုပဲ အကောင်းဆုံး ဇာတ်ညွှန်းဆုတွေအတွက် ရွေးချယ်သွားမှာပါ။

ဒါဟာ ရုပ်ရှင်လောကမှာ AI အခန်းကဏ္ဍ ကျယ်ပြန့်လာနေပေမယ့် ဖန်တီးမှုရဲ့ အရင်းအမြစ်ဟာ လူသားပဲ ဖြစ်ရမယ်ဆိုတာကို ခိုင်ခိုင်မာမာ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

Promo art for the 96th Academy Awards.

ဒါပေမဲ့ ရုပ်ရှင်ရိုက်ကူးတဲ့ နေရာမှာ AI နည်းပညာကို အသုံးပြုတာကိုတော့ လုံးဝ ပိတ်ပင်ထားတာ မဟုတ်ပါဘူး။ နည်းပညာကို အထောက်အကူပြု ကိရိယာတစ်ခုအနေနဲ့ သုံးလို့ရပေမယ့် ဖန်တီးရှင်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။

အကယ်ဒမီအနေနဲ့ ရုပ်ရှင်တစ်ကားကို အကဲဖြတ်တဲ့အခါမှာ AI ကို ဘယ်လောက်အထိ သုံးထားသလဲဆိုတာကို အသေးစိတ် မေးမြန်းစစ်ဆေးပိုင်ခွင့်ရှိပြီး လူသားတွေရဲ့ ပါဝင်ပတ်သက်မှု အတိုင်းအတာပေါ်မှာပဲ အဓိကထား ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

Ref: digitaltrends

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com