MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Google ရဲ့ AI ဒေတာစင်တာတွေကြောင့် လျှပ်စစ်သုံးစွဲမှု ၂၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာ
News
news၂၀၂၆ ဇူလိုင် ၁၀

Google ရဲ့ AI ဒေတာစင်တာတွေကြောင့် လျှပ်စစ်သုံးစွဲမှု ၂၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာ

<p>Google ရဲ့ ၂၀၂၆ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစီရင်ခံစာအရ AI၊ Google Cloud၊ Search</p>

Google ရဲ့ ၂၀၂၆ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစီရင်ခံစာအရ AI၊ Google Cloud၊ Search နဲ့ YouTube အပါအဝင် တခြား ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနေတဲ့ ဒေတာစင်တာတွေကို အလျင်အမြန် ချဲ့ထွင်လာတာကြောင့် ၂၀၁၉ ခုနှစ်ကတည်းက ကြည့်ရင် ကုမ္ပဏီရဲ့ လျှပ်စစ်မီးသုံးစွဲမှုဟာ ၂၅၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ လျှပ်စစ်သုံးစွဲမှု ၁၂ တယ်ရာဝပ်နာရီ ဝန်းကျင်ပဲ ရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာတော့ စုစုပေါင်း လျှပ်စစ်သုံးစွဲမှုဟာ ၄၃ တယ်ရာဝပ်နာရီ (TWh) ဝန်းကျင်အထိ ရောက်ရှိသွားခဲ့တယ်လို့ Google က ပြောပါတယ်။

Google US$1bn Data Centre Investment: Supporting AI Growth | Data Centre Magazine

ဒီအစီရင်ခံစာမှာပဲ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာတင် လျှပ်စစ်သုံးစွဲမှု ၃၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာကို ပြသနေပြီး ဒါဟာ ကုမ္ပဏီသမိုင်းတစ်လျှောက် တစ်နှစ်အတွင်း အမြင့်မားဆုံး တိုးတက်လာမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

AI နဲ့ ကလောက်ဒ်ကွန်ပြူတာစနစ်တွေအတွက် လိုအပ်ချက် တိုးပွားလာတာကြောင့် ပိုမိုစွမ်းအားမြင့်တဲ့ ဒေတာစင်တာတွေ လိုအပ်လာရခြင်း ဖြစ်တယ်လို့ Google ဘက်က ဆိုပါတယ်။

Google's New $10 Billion AI Data Center Campus Set to Redefine Arkansas - ESG News

ဒါ့အပြင် ကုမ္ပဏီအနေနဲ့ သန့်ရှင်းတဲ့စွမ်းအင်နဲ့ ပိုမိုထိရောက်တဲ့ အခြေခံအဆောက်အအုံတွေမှာ ဆက်လက် ရင်းနှီးမြှုပ်နှံနေပေမယ့်လည်း AI နည်းပညာကို အရှိန်အဟုန်နဲ့ ချဲ့ထွင်နေတာဟာ သူတို့ရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး ရည်မှန်းချက်တွေကို ပိုမိုစိန်ခေါ်မှု ဖြစ်စေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com