MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဒေတာစင်တာတွေကြောင့် မီးခတွေ ထိုးတက်ကုန်လို့ အမေရိကန်က ခရိုင်တစ်ခုမှာ ဝန်ထမ်းအားလုံး မီးချွေတာရေး အရေးပေါ် ညွှန်ကြား
News
news၂၀၂၆ ဇူလိုင် ၄

ဒေတာစင်တာတွေကြောင့် မီးခတွေ ထိုးတက်ကုန်လို့ အမေရိကန်က ခရိုင်တစ်ခုမှာ ဝန်ထမ်းအားလုံး မီးချွေတာရေး အရေးပေါ် ညွှန်ကြား

<p>ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကစပြီး အစိုးရရုံးတွေနဲ့ ကျောင်းအဆောက်အအုံတွေရဲ့ လျှပ်စစ်ဓာတ်အားခဟာ ၂၄.၉ ရာခိုင်နှုန်း (ခန့်မှန်းခြေ</p>

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကစပြီး အစိုးရရုံးတွေနဲ့ ကျောင်းအဆောက်အအုံတွေရဲ့ လျှပ်စစ်ဓာတ်အားခဟာ ၂၄.၉ ရာခိုင်နှုန်း (ခန့်မှန်းခြေ ၂၅ ရာခိုင်နှုန်းနီးပါး) အထိ ရုတ်တရက် ထိုးတက်သွားခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်က ဟင်ရီကိုခရိုင်မန်နေဂျာ ဂျွန် ဗီသိုးကပ်စ်  က အစိုးရကျောင်း ဝန်ထမ်းတွေနဲ့ ခရိုင်ဝန်ထမ်းအားလုံး အမြန်ဆုံး လျှပ်စစ်ချွေတာကြဖို့ အရေးတကြီး တောင်းဆိုလိုက်ရပါတယ်။

ဒီလို မီးခတွေ စံချိန်တင် တက်လာတာကြောင့် ခရိုင်ရဲ့ တစ်နှစ်တာ လျှပ်စစ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၅ သန်းလောက်အထိ ပိုပြီး ကုန်ကျလာတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ မသုံးတဲ့မီးပိတ်ဖို့၊ အားသွင်းကြိုးတွေ ဖြုတ်ထားဖို့၊ ကွန်ပျူတာတွေ ပိတ်ထားဖို့နဲ့ လေအေးပေးစက် အလုပ်နည်းအောင် လိုက်ကာတွေ ချထားဖို့အပြင် အခန်းအပူပေးစက်တွေ မသုံးကြဖို့ပါ တင်းတင်းကျပ်ကျပ် ညွှန်ကြားထားပါတယ်။

Next-Generation Data Centers: Everything You Need To Know

ဒီလို လျှပ်စစ်ခတွေ အဆမတန် တက်လာရတဲ့ နောက်ကွယ်က တရားခံကတော့ ဗာဂျီးနီးယားပြည်နယ်မှာ မကြုံစဖူး လျင်လျင်မြန်မြန် တိုးပွားလာနေတဲ့ ဒေတာစင်တာ (Data Centers) တွေပဲ ဖြစ်ပါတယ်။

ဒီဒေတာစင်တာတွေဟာ လျှပ်စစ်ဓာတ်အားကို ဘီလူးသရဲစီးသလို အမြောက်အမြား သုံးစွဲကြတာပါ။ လက်ရှိ ဗာဂျီးနီးယား ပြည်နယ်တစ်ခုလုံးမှာ ဒေတာစင်တာ ၄၀၀ ကျော်အထိ ရှိနေပြီး အဲဒီအထဲက ဒေတာစင်တာ ၃၇ ခုကတော့ ဒီဟင်ရီကိုခရိုင်ထဲမှာတင် တည်ရှိနေတာ ဖြစ်ပါတယ်။

Big Tech's data center boom poses new risk to US grid operators | Reuters

လျှပ်စစ်ဓာတ်အားလိုင်း တာဝန်ရှိသူတွေရဲ့ အဆိုအရ ဒေတာစင်တာတွေကြောင့် လျှပ်စစ်ဝယ်လိုအား ကမ္ဘာပျက်မတတ် မြင့်တက်လာတာ၊ စက်သုံးဆီ စရိတ်တွေ ကြီးမြင့်လာတာ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေကို အကုန်အကျခံ အဆင့်မြှင့်တင်နေရတာနဲ့ အခြေခံအဆောက်အအုံပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် လုပ်နေရတာတွေကြောင့် အခုလို မီးခတွေ ပေးစပ်မနိုင်အောင် တက်လာရတာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com