MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ကန်းထရီးဂီတလောကကို AI အဆိုတော်တွေ စိုးမိုးလာနေပြီ
News
news၂၀၂၆ ဧပြီ ၈

ကန်းထရီးဂီတလောကကို AI အဆိုတော်တွေ စိုးမိုးလာနေပြီ

<p>အမေရိကန်ရဲ့ နာမည်ကြီး ကန်းထရီးဂီတလောကမှာ Breaking Rust နဲ့ Cain Walker တို့လို အဆိုတော်တွေဟာ</p>

အမေရိကန်ရဲ့ နာမည်ကြီး ကန်းထရီးဂီတလောကမှာ Breaking Rust နဲ့ Cain Walker တို့လို အဆိုတော်တွေဟာ နားဆင်မှုအများဆုံး စာရင်းဝင် လူကြိုက်များတဲ့ အနုပညာရှင်တွေ ဖြစ်နေပါတယ်။

ဒါပေမဲ့ ထူးခြားတာက သူတို့ဟာ သွေးသားနဲ့ တည်ဆောက်ထားတဲ့ လူသားတွေမဟုတ်ဘဲ ရုပ်ရည်ကအစ သံစဉ်တွေအဆုံး ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ AI အဆိုတော်တွေ ဖြစ်နေတာပါ။

ဒီအခြေအနေဟာ AI ကို ကင်ဆာရောဂါကုသတဲ့နေရာမျိုးမှာပဲ မြင်တွေ့ရမယ်လို့ ထင်ထားတဲ့ ဂီတပညာရှင်တွေအတွက်တော့ တကယ့်ကို ထိတ်လန့်စရာ အလှည့်အပြောင်းတစ်ခု ဖြစ်လာပါတယ်။

"Whiskey & Water," a song by Cain Walker featuring Cade Winslow, is one of many AI-generated country music tunes. (Photo: AFP)

AI တွေ ဒီလောက်အထိ အောင်မြင်လာရတဲ့ လျှို့ဝှက်ချက်ကတော့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကန်းထရီးဂီတတွေဟာ ပုံသေကားကျ ပေါ့ပ်ဂီတဆန်လာတာကြောင့်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။ AI နည်းပညာဟာ အဲဒီလို ထပ်တလဲလဲဖြစ်နေတဲ့ သံစဉ်တွေနဲ့ ပုံစံတွေကို အလွယ်တကူ တုပနိုင်စွမ်းရှိလာတာပါ။ အခုဆိုရင် သီချင်းရေးဆရာတွေဟာ Chatbot တွေသုံးပြီး သီချင်းစာသားတွေ ရေးနေကြတာကြောင့် နောင်မှာ သူတို့ကိုယ်တိုင် ရေးတဲ့သီချင်းတွေကိုတောင် လူတွေက AI ရေးတာလို့ ထင်သွားမှာကို စိုးရိမ်နေကြပါတယ်။

Xania Monet's Creator Defends AI-Generated Singer amid Industry Backlash

ဝေဖန်သူတွေကတော့ အခုခေတ် ကန်းထရီးသီချင်းတွေဟာ အရင်ကထက် အဓိပ္ပာယ်ပိုင်းမှာ ပေါ့ပျက်ပျက် ဖြစ်လာတာကြောင့် AI အတွက် တုပဖို့ ပိုလွယ်သွားတာလို့ ဆိုပါတယ်။ တချို့သော သာမန်နားထောင်သူတွေက သီချင်းကောင်းရင်ပြီးရော AI လား၊ လူလားဆိုတာ ဂရုမစိုက်ကြပေမယ့် အနုပညာရှင်ကို တကယ်ချစ်တဲ့ ပရိသတ်တွေကတော့ လူသားတွေရဲ့ စစ်မှန်တဲ့ ဖန်တီးမှုကိုပဲ လိုလားကြပါတယ်။ ဒါကြောင့်လည်း ဂီတလောကမှာ AI နဲ့ ဖန်တီးထားတဲ့ သီချင်းတွေကို သီးသန့်ခွဲခြားပြသဖို့ တောင်းဆိုမှုတွေ အားကောင်းလာနေပါတယ်။

ဒါပေမဲ့ အနုပညာရှင်တွေကတော့ အနာဂတ်အတွက် မျှော်လင့်ချက် ရှိနေပါသေးတယ်။ AI အနေနဲ့ ဘယ်လောက်ပဲ တော်နေပါစေ၊ လူသားတွေရဲ့ တကယ့်ဘဝအတွေ့အကြုံ၊ နာကျင်မှုနဲ့ ခံစားချက်အစစ်အမှန်တွေကို ထည့်သွင်းသီဆိုရတဲ့ ရှေးရိုးစွဲ ကန်းထရီးဂီတပုံစံမျိုးကိုတော့ တုပဖို့ ခက်ခဲနေဦးမှာပါ။ အဲဒီလို စစ်မှန်တဲ့ ခံစားချက်တွေကပဲ ကန်းထရီးဂီတလောကကို AI လက်ထဲကနေ ကယ်တင်သွားနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com