MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဂျပန်မှာ အိမ်ထောင်ပြုသူတွေ များလာဖို့ AI က ကူညီပေးနေ
News
news၂၀၂၆ ဩဂုတ် ၁

ဂျပန်မှာ အိမ်ထောင်ပြုသူတွေ များလာဖို့ AI က ကူညီပေးနေ

<p>ဂျပန်နိုင်ငံရဲ့ ကျဆင်းနေတဲ့ မွေးဖွားနှုန်းကို မြှင့်တင်ဖို့ တိုကျိုအစိုးရက ၂၀၂၄ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ AI အသုံးပြု</p>

ဂျပန်နိုင်ငံရဲ့ ကျဆင်းနေတဲ့ မွေးဖွားနှုန်းကို မြှင့်တင်ဖို့ တိုကျိုအစိုးရက ၂၀၂၄ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ AI အသုံးပြု Dating အက်ပလီကေးရှင်းကနေတစ်ဆင့် စုံတွဲပေါင်း ၂၆၅ တွဲ လက်ထပ်ခဲ့ကြပါတယ်။

ဂျပန်အစိုးရရဲ့ အချက်အလက်တွေအရ ဇွန်လ ၃၀ ရက်နေ့အထိ အဲဒီ Tokyo Enmusubi အက်ပလီကေးရှင်းမှာ အဖွဲ့ဝင် ၁၆,၀၀၀ မှတ်ပုံတင်ထားပြီး စုံတွဲ ၇၆၀ ဟာ လေးနက်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ထားနိုင်ခဲ့ကြပါတယ်။

People prepare for a wedding photo shoot near Tokyo station. (Photo: AFP)

အိမ်ထောင်ပြုဖို့ စိတ်ဝင်စားသူ ၇၀ ရာခိုင်နှုန်းခန့်ဟာ အိမ်ထောင်ဖက်ရှာဖွေရာမှာ တက်တက်ကြွကြွ မရှိကြဘူးလို့ စစ်တမ်းတစ်ရပ်က ဖော်ပြပြီးနောက်ပိုင်းမှာ အက်ပလီကေးရှင်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဝန်လေးနေမှုတွေကို ကျော်လွှားနိုင်ဖို့နဲ့ တကယ် အိမ်ထောင်ပြုချင်သူတွေသာ ပါဝင်နိုင်ဖို့အတွက် လျှောက်ထားသူတွေဟာ တရားဝင် လူပျို၊ အပျို ဖြစ်ကြောင်း သက်သေပြရမယ့်အပြင် အွန်လိုင်းအင်တာဗျူးတွေကိုလည်း အောင်မြင်အောင် ဖြေဆိုရမှာ ဖြစ်ပါတယ်။

အက်ပလီကေးရှင်းက လူတစ်ဦးနဲ့ တစ်ဦးကြား လိုက်ဖက်ညီမှုကို အဆင့်သုံးဆင့်နဲ့ ပြသပေးတာကြောင့် တွေ့ဆုံဖို့ တုံ့ဆိုင်းနေသူတွေကို ခွန်အားပေးနိုင်ပါတယ်။

World first AI wedding takes place in Japan as woman marries virtual partner

၂၀၂၅ ခုနှစ် အစိုးရအချက်အလက်တွေအရ ဂျပန်နိုင်ငံမှာ မွေးဖွားနှုန်းဟာ ၁၀ နှစ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ကလေးမွေးဖွားမှု ၆၇၁,၂၃၆ ဦးနဲ့ စံချိန်တင် အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။

သေဆုံးသူ အရေအတွက်ကတော့ ၁ ဒသမ ၆ သန်းနဲ့ မွေးဖွားနှုန်းထက် နှစ်ဆကျော် ပိုများနေပါတယ်။ ဒါကြောင့် အစိုးရဟာ နည်းပညာအကူအညီယူပြီး လူငယ်တွေ အိမ်ထောင်ပြုဖို့နဲ့ ကလေးမွေးဖွားနှုန်း တိုးလာစေဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com