MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI ကြောင့် တစ်နှစ်အတွင်း ဘီလီယံနာအသစ် ၁၉ ယောက် ပေါ်ထွက်လာ
News
news၂၀၂၆ မေ ၂၇

AI ကြောင့် တစ်နှစ်အတွင်း ဘီလီယံနာအသစ် ၁၉ ယောက် ပေါ်ထွက်လာ

<p>ပြီးခဲ့တဲ့ သုံးနှစ်အတွင်း AI ရေစီးကြောင်းကြောင့် ချမ်းသာကြွယ်ဝလာသူတွေဟာ Nvidia ရဲ့ Jensen Huang ဒါမှမဟုတ်</p>

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း AI ရေစီးကြောင်းကြောင့် ချမ်းသာကြွယ်ဝလာသူတွေဟာ Nvidia ရဲ့ Jensen Huang ဒါမှမဟုတ် OpenAI ရဲ့ Sam Altman တို့လို Silicon Valley က ထိပ်သီးလူနည်းစုပဲ ဖြစ်ခဲ့ကြပေမယ့် အခုအခါမှာတော့ အခြေအနေတွေ လုံးဝပြောင်းလဲသွားခဲ့ပါပြီ။

Bloomberg ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာတင် AI Startup တွေကနေ စုစုပေါင်း ပိုင်ဆိုင်မှု ဒေါ်လာ ၅၉ ဒသမ ၃ ဘီလီယံအထိ ရှိလာမယ့် ဘီလီယံနာအသစ် ၁၉ ယောက်အထိ စံချိန်တင် မွေးထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီအထဲမှာ Cerebras Systems အမည်ရတဲ့ AI ချစ်ပ်ပြားထုတ်လုပ်ရေး ကုမ္ပဏီဟာ စတော့စျေးကွက်ထဲကို အကြီးအကျယ် ဝင်ရောက်လာခဲ့ပြီး ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Andrew Feldman နဲ့ နည်းပညာအကြီးအကဲ Sean Lie တို့ဟာ တစ်ရက်အတွင်းမှာတင် ဘီလီယံနာအသစ်တွေ ဖြစ်လာခဲ့ကြပါတယ်။

The CEO of Cerebras and 18 others emerge as new AI billionaires, worth a combined $59.3 billion.Photo by Bloomberg on Getty Images

အခုပေါ်ထွက်လာတဲ့ ဘီလီယံနာအသစ်တွေရဲ့ ထူးခြားချက်ကတော့ သူတို့ဟာ အခြေခံ မော်ဒယ်ကြီးတွေကို ကိုယ်တိုင် တည်ဆောက်တာမဟုတ်ဘဲ ရှိပြီးသား AI စနစ်တွေကို အသုံးချပြီး ဥပဒေရေးရာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သုံးစွဲသူဝန်ဆောင်မှုနဲ့ ဆော့ဖ်ဝဲလ်ရေးဆွဲရေး စတဲ့ တခြားလုပ်ငန်းကဏ္ဍတွေမှာ အဆင်ပြေအောင် ဆော့ဖ်ဝဲလ် ဖန်တီးပေးတဲ့သူတွေ ဖြစ်ကြပါတယ်။

ဒီလို နည်းပညာကို နေရာအနှံ့ အသုံးချလာနိုင်တဲ့အတွက် Harvey၊ Replit နဲ့ Vercel စတဲ့ ကုမ္ပဏီတွေဟာ တန်ဖိုးအဆမတန် မြင့်တက်လာခဲ့ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း OpenAI နဲ့ Anthropic တို့လို နည်းပညာလောကရဲ့ ထိပ်သီးကုမ္ပဏီကြီးတွေက တခြားကုမ္ပဏီတွေရဲ့ သီးသန့်ဆော့ဖ်ဝဲလ်တွေ မလိုတော့ဘဲ တိုက်ရိုက်လုပ်ဆောင်နိုင်မယ့် စနစ်တွေကို တီထွင်နေလို့ အခုပေါ်ထွက်လာတဲ့ ဘီလီယံနာအသစ်တွေအတွက် အချင်းချင်း ပြန်လည်ယှဉ်ပြိုင်ရမယ့် စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။

29 New Billionaires Who Got Rich from the AI Boom

လက်ရှိ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံသူတွေအတွက်တော့ Nvidia၊ Microsoft နဲ့ Alphabet တို့လို အများပြည်သူသိတဲ့ အကြီးစားကုမ္ပဏီတွေကပဲ အကျိုးအမြတ်တွေ ဆက်လက် ပေးစွမ်းနိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ့် ကြီးမားတဲ့ အကျိုးအမြတ်တွေကတော့ အများပြည်သူဆီ ရှယ်ယာမရောင်းသေးတဲ့ ပုဂ္ဂလိကကုမ္ပဏီငယ်တွေထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ OpenAI လို ကုမ္ပဏီကြီးတွေကပါ စတော့စျေးကွက်ထဲကို ဝင်ရောက်ဖို့ ပြင်ဆင်နေတာကြောင့် ရှေ့လျှောက်မှာ AI ကြောင့် ချမ်းသာကြွယ်ဝလာမယ့်သူတွေဟာ အခုထက် နှစ်ဆလောက်အထိ ပိုများလာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Ref: Yahoo Finance

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com