news
အမေရိကန် လေဆိပ်မှာ AI လူတူစက်ရုပ် သုံးပြီ
San José Mineta နိုင်ငံတကာလေဆိပ်မှာ ခရီးသည်တွေကို ကူညီလမ်းညွှန်ပေးဖို့ "José" လို့ အမည်ပေးထားတဲ့ AI လူတူစက်ရုပ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။
အမေရိကန် နိုင်ငံ San José Mineta နိုင်ငံတကာလေဆိပ် မှာ ခရီးသည်တွေကို ကူညီလမ်းညွှန်ပေးဖို့အတွက် "José" လို့ အမည်ပေးထားတဲ့ AI နည်းပညာသုံး လူတူစက်ရုပ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။ သူဟာ "၅၀ ကျော်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်" ခြင်းဖြင့် နိုင်ငံတကာခရီးသည်တွေအတွက် အဖော်အဆောင်ကောင်းဖြစ်လာမည်ဖြစ်သည်။




