MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အမေရိကန်မှာ ၂၀၂၇ ကစပြီး မော်တော်ယာဉ်တိုင်းမှာ မူးယစ်မောင်းနှင်မှု စစ်ဆေးတဲ့စနစ် ပါဝင်ရတော့မယ်
News
news၂၀၂၆ မေ ၄

အမေရိကန်မှာ ၂၀၂၇ ကစပြီး မော်တော်ယာဉ်တိုင်းမှာ မူးယစ်မောင်းနှင်မှု စစ်ဆေးတဲ့စနစ် ပါဝင်ရတော့မယ်

<p>အမေရိကန်မှာ ၂၀၂၇ ခုနှစ်ကစပြီး ထွက်ရှိလာမယ့် ကားအသစ်တိုင်းမှာ “မူးယစ်မောင်းနှင်မှု စစ်ဆေးတဲ့စနစ်” မဖြစ်မနေ ပါဝင်ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။</p>

အမေရိကန်မှာ ၂၀၂၇ ခုနှစ်ကစပြီး ထွက်ရှိလာမယ့် ကားအသစ်တိုင်းမှာ “မူးယစ်မောင်းနှင်မှု စစ်ဆေးတဲ့စနစ်” မဖြစ်မနေ ပါဝင်ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။

အခုဆိုရင် ကားတွေမှာ ကင်မရာတွေနဲ့ အာရုံခံဆန်ဆာတွေ တပ်ဆင်ထားပြီး ယာဉ်မောင်းရဲ့ မျက်လုံးလှုပ်ရှားမှု၊ ခေါင်းအနေအထားနဲ့ အာရုံစိုက်မှုကို စက္ကန့်မလပ် စောင့်ကြည့်နေတော့မှာပါ။

တကယ်လို့ ယာဉ်မောင်းဟာ မူးနေတယ် ဒါမှမဟုတ် အာရုံမစိုက်ဘူးလို့ ကားက သိလိုက်ရင် ကားမောင်းလို့မရအောင် ကန့်သတ်လိုက်မှာ ဖြစ်ပါတယ်။

IIHS to require impaired-driving, speed detection tech for top safety rating by 2027

အရင်က လေအိတ် (Airbags) တွေလိုမျိုး အက်စီးဒင့်ဖြစ်မှ ကာကွယ်ပေးတဲ့စနစ်တွေကနေ အခုတော့ ယာဉ်မောင်းကိုပါ တိုက်ရိုက်ထိန်းချုပ်တဲ့စနစ်ကို ပြောင်းလဲလိုက်တာပါ။

ဒါပေမဲ့ ဒီအပြောင်းအလဲက အငြင်းပွားစရာတွေလည်း ဖြစ်လာပါတယ်။ ဒီနည်းပညာဟာ လုံခြုံရေးအတွက်လား၊ လူတွေကို အမြဲစောင့်ကြည့်နေတာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေသလို၊ ကားကနေရတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံပါ့မလားဆိုတာကိုလည်း ဝေဖန်သူတွေက စိုးရိမ်နေကြပါတယ်။

All New Cars Could Have Mandatory Surveillance Tech Unless Congress Stops This Mandate

ဒါ့အပြင် လက်ရှိစနစ်တွေဟာ သွေးထဲက အယ်လ်ကိုဟောပမာဏကို အတိအကျ မတိုင်းတာနိုင်သေးတာကြောင့် အမှားအယွင်းရှိနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါသေးတယ်။

အဆင့်မြင့် စောင့်ကြည့်စနစ်တွေ ပါဝင်လာမှာဖြစ်လို့ ကားဈေးနှုန်းတွေ သိသိသာသာ တက်လာနိုင်တာကြောင့်လည်း အများက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com