MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Starlink  ကို ယှဉ်ပြိုင်မယ့် Amazon ရဲ့ Leo ဂြိုဟ်တုဝန်ဆောင်မှု မကြာမီ စတင်တော့မည်
News
news၂၀၂၆ ဇူလိုင် ၃

Starlink  ကို ယှဉ်ပြိုင်မယ့် Amazon ရဲ့ Leo ဂြိုဟ်တုဝန်ဆောင်မှု မကြာမီ စတင်တော့မည်

<p>အမေဇုန် (Amazon) ကုမ္ပဏီဟာ ကမ္ဘာ့ပတ်လမ်းနိမ့် (Low Earth Orbit) မှာ ကိုယ်ပိုင်ဂြိုဟ်တုကွန်ရက်တစ်ခု တည်ဆောက်နေတာ</p>

အမေဇုန် (Amazon) ကုမ္ပဏီဟာ ကမ္ဘာ့ပတ်လမ်းနိမ့် (Low Earth Orbit) မှာ ကိုယ်ပိုင်ဂြိုဟ်တုကွန်ရက်တစ်ခု တည်ဆောက်နေတာ ကြာပြီဖြစ်ပြီး အဲဒီပရောဂျက်ကို Amazon Leo လို့ အမည်ပေးထားပါတယ်။ ဒီဝန်ဆောင်မှုဟာ လက်ရှိ အကြီးမားဆုံး ဂြိုဟ်တုကွန်ရက်ဖြစ်တဲ့ စပေ့အက်စ် (SpaceX) ရဲ့ စတားလင့်ခ် (Starlink) နဲ့ တိုက်ရိုက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Amazon's Starlink competitor is almost ready - GSMArena.com news

အမေဇုန်ရဲ့ Leo ပရောဂျက် တာဝန်ခံ ဒုဥက္ကဋ္ဌ ခရစ် ဝီဘာ (Chris Weber) ရဲ့ ပြောကြားချက်အရ လက်ရှိမှာ Leo ဂြိုဟ်တုပေါင်း ၃၉၀ ကျော်ကို လွှတ်တင်ထားပြီးဖြစ်လို့ အခြေခံနယ်ပယ်တွေမှာ ဝန်ဆောင်မှုပေးနိုင်ဖို့ လုံလောက်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် အခုနှစ်အတွင်း အစောပိုင်းဝန်ဆောင်မှုတွေ စတင်နိုင်ဖို့အတွက် လိုအပ်တဲ့ ဂြိုဟ်တုလွှတ်တင်မှုတွေကိုလည်း အောင်မြင်စွာ လုပ်ဆောင်ပြီးစီးထားပြီဖြစ်လို့ ၂၀၂၆ ခုနှစ် မကုန်ခင်မှာ အများပြည်သူသုံး ဝန်ဆောင်မှုအနေနဲ့ တရားဝင် ချပြနိုင်တော့မှာ ဖြစ်ပါတယ်။

Amazon is getting closer to releasing a Starlink competitor

ဒီဝန်ဆောင်မှုကို အစောဆုံး စမ်းသပ်သုံးစွဲချင်သူတွေအနေနဲ့ စောင့်ဆိုင်းစာရင်း (Waitlist) မှာ နာမည်စာရင်း ပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။ အမေဇုန်ဟာ Leo ဝန်ဆောင်မှုအတွက် ရာသီဥတုဒဏ်ခံ ဂြိုဟ်တုဖမ်းစက် (Receiver) အမျိုးအစား ၃ မျိုး ထုတ်လုပ်ပေးသွားမှာ ဖြစ်ပြီး ဒေါင်းလုဒ်အမြန်နှုန်း 100Mbps အထိရမယ့် နာနို (Nano)၊ 400Mbps အထိရမယ့် ပရို (Pro) နဲ့ 1Gbps အထိ အမြန်နှုန်းရမယ့် အာထရာ (Ultra) တို့ပဲ ဖြစ်ပါတယ်။

Ref : gsmarena

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com
Starlink  ကို ယှဉ်ပြိုင်မယ့် Amazon ရဲ့ Leo ဂြိုဟ်တုဝန်ဆောင်မှု မကြာမီ စတင်တော့မည် | MyTech Myanmar