MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ကမ္ဘာ့ ပထမဆုံး AI မင်းသမီး ရုပ်ရှင်အသစ်မှာ သရုပ်ဆောင်မည်
News
news၂၀၂၆ ဇူလိုင် ၁၀

ကမ္ဘာ့ ပထမဆုံး AI မင်းသမီး ရုပ်ရှင်အသစ်မှာ သရုပ်ဆောင်မည်

<p>ယူကေအခြေစိုက် Particle6 အမည်ရတဲ့ AI ကုမ္ပဏီဟာ “Misaligned” လို့ အမည်ရတဲ့ ရုပ်ရှင်အသစ်မှာ သရုပ်ဆောင်ဖို့အတွက်</p>

ယူကေအခြေစိုက် Particle6 အမည်ရတဲ့ AI ကုမ္ပဏီဟာ “Misaligned” လို့ အမည်ရတဲ့ ရုပ်ရှင်အသစ်မှာ သရုပ်ဆောင်ဖို့အတွက် Tilly Norwood လို့ခေါ်တဲ့ AI ဖန်တီးထားတဲ့ ဒစ်ဂျစ်တယ်မင်းသမီးတစ်ယောက်ကို ရွေးချယ်လိုက်ပါတယ်။

Tilly ဟာ တကယ့်လူသားတစ်ယောက်မဟုတ်ဘဲ ဒစ်ဂျစ်တယ်ဇာတ်ကောင်တစ်ခုသာ ဖြစ်ပြီး ဒါဟာ အဲဒီကုမ္ပဏီရဲ့ ပထမဆုံးရုပ်ရှင်ရှည်ကြီး ဖြစ်သလို Tilly အတွက်လည်း ပထမဆုံး ခေါင်းဆောင်မင်းသမီးနေရာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ Tilly ဟာ “Tillyverse” လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ကမ္ဘာမှာ နေထိုင်ရင်း တခြား AI တစ်ယောက်နဲ့ တွေ့ဆုံပြီးနောက် လူသားတွေလိုမျိုး အတွေးအခေါ်၊ ခံစားချက်နဲ့ အိပ်မက်တွေ ရှိလာတဲ့ AI ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

Tilly Norwood, AI 'actor' denounced by actors union, to star in feature film

Particle6 ကို တည်ထောင်သူ Eline van der Velden က ဒီဇာတ်ကောင်အတွက် အချောသတ်ပုံစံကို မရွေးချယ်ခင် Tilly ရဲ့ ပုံစံကွဲပေါင်း ၂,၀၀၀ နီးပါးကို ဖန်တီးခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီရုပ်ရှင်ကို AI တစ်ခုတည်းနဲ့ ဖန်တီးနေတာမဟုတ်ဘဲ လူသားစာရေးဆရာတွေ၊ ဒါရိုက်တာတွေ၊ အယ်ဒီတာတွေနဲ့ Visual Effects ပညာရှင်တွေ အပါအဝင် ရုပ်ရှင်လောကသားတွေ အားလုံးက AI နဲ့အတူ လက်တွဲလုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ AI မင်းသမီးကို အသုံးပြုမယ့်အစီအစဉ်ဟာ ဟောလိဝုဒ်မှာ ဆွေးနွေးငြင်းခုံမှုတွေ ဖြစ်ပွားစေခဲ့ပြီး SAG-AFTRA သရုပ်ဆောင်များသမဂ္ဂကတော့ ဒါဟာ လူသားသရုပ်ဆောင်တွေရဲ့ အလုပ်အကိုင်တွေကို ထိခိုက်စေနိုင်တဲ့အပြင် ဖန်တီးမှုဆိုင်ရာ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ရှိလာတယ်လို့ စိုးရိမ်ပူပန်နေကြပါတယ်။

AI actor Tilly Norwood to star in first movie - Los Angeles TimesAI actor Tilly Norwood to star in first movie - Los Angeles TimesAI 'actor' Tilly Norwood to appear in feature film set in the 'Tillyverse' - National | Globalnews.ca

ဒီအပေါ်မှာ Particle6 ဘက်ကတော့ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ လူသားသရုပ်ဆောင်တွေကို အစားထိုးဖို့ မဟုတ်ဘဲ လူသားတွေနဲ့အတူ AI ကို ဖန်တီးမှုဆိုင်ရာ ကိရိယာအသစ်တစ်ခုအဖြစ် အသုံးပြုဖို့သာ ဖြစ်တယ်လို့ ပြောပါတယ်။

AI မင်းသမီးတစ်ယောက်ကို အဓိကဇာတ်ဆောင်နေရာမှာ ပရိသတ်တွေ လက်ခံပါ့မလားဆိုတာ မသေချာသေးပေမယ့် “Misaligned” ရုပ်ရှင်ဟာ အဲဒီအတွေးအခေါ်ကို လက်တွေ့စမ်းသပ်ပြမယ့် ပထမဆုံးသော ရုပ်ရှင်တစ်ကား ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com