MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
သိုလှောင်ရုံနဲ့ စက်ရုံတွေမှာ ကင်းလှည့်ပေးမယ့် ဘီးတစ်ဘီးတည်းပါ AI စက်ရုပ်ကို အက်စတိုးနီးယား ကုမ္ပဏီ တီထွင်
News
news၂၀၂၆ ဇူလိုင် ၃၀

သိုလှောင်ရုံနဲ့ စက်ရုံတွေမှာ ကင်းလှည့်ပေးမယ့် ဘီးတစ်ဘီးတည်းပါ AI စက်ရုပ်ကို အက်စတိုးနီးယား ကုမ္ပဏီ တီထွင်

<p>အက်စတိုးနီးယားအခြေစိုက် Rollo Robotics ကုမ္ပဏီက သိုလှောင်ရုံတွေ၊ စက်ရုံတွေနဲ့ ကျယ်ဝန်းတဲ့ တက္ကသိုလ်ဝင်းတွေကို အလိုအလျောက် ကင်းလှည့်စောင့်ကြည့်ပေးနိုင်မယ့်</p>

အက်စတိုးနီးယားအခြေစိုက် Rollo Robotics ကုမ္ပဏီက သိုလှောင်ရုံတွေ၊ စက်ရုံတွေနဲ့ ကျယ်ဝန်းတဲ့ တက္ကသိုလ်ဝင်းတွေကို အလိုအလျောက် ကင်းလှည့်စောင့်ကြည့်ပေးနိုင်မယ့် 1Rollo အမည်ရှိ ဘီးတစ်ဘီးတည်းပါ AI စက်ရုပ်ကို မိတ်ဆက်လိုက်ပါတယ်။

ဘာသာစကား အမျိုးမျိုးသုံး AI စနစ်၊ ၃၆၀ ဒီဂရီ ကင်မရာ၊ GPS နဲ့ အာရုံခံကိရိယာတွေ တပ်ဆင်ထားတဲ့ အဲဒီစက်ရုပ်ဟာ အတားအဆီးတွေကို ပါးပါးနပ်နပ် ရှောင်ကွင်းပြီး သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို တိတိကျကျ ထောက်လှမ်းပေးနိုင်တာပါ။

မသင်္ကာစရာ တစ်ခုခုတွေ့တာနဲ့ လူသားထိန်းချုပ်သူဆီ ချက်ချင်း အကြောင်းကြားပေးမှာဖြစ်သလို ပါဝင်တဲ့ စပီကာနဲ့ မိုက်ခရိုဖုန်းကနေတစ်ဆင့်လည်း အဝေးကနေ တိုက်ရိုက် စကားပြောဆို ထိန်းချုပ်နိုင်ပါတယ်။

Rollo Robotics Secures €3.7M Pre-Seed Round — 1ROLLO Blog

ဒီစက်ရုပ်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားလာစေဖို့၊ ဒဏ်ခံနိုင်ရည်ရှိအောင် အဆင့်မြှင့်ဖို့နဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ဖို့အတွက် Rollo Robotics ဟာ ယူရို ၃ ဒသမ ၇ သန်း (အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်း) အထိ ရင်းနှီးမြှုပ်နှံမှု ရရှိထားပြီး ဖြစ်ပါတယ်။

အဲဒီစက်ရုပ်ကို လာမယ့်နှစ်မှာ လစဉ်ကြေးယူတဲ့ ဝန်ဆောင်မှုစနစ်နဲ့ စီးပွားရေးစျေးကွက်ထဲ စတင်မိတ်ဆက်သွားဖို့ ကုမ္ပဏီက ပြင်ဆင်နေပါတယ်။

Mono-wheel security bot foretells a future of digital snitching

1Rollo စက်ရုပ်ဟာ လုံခြုံရေးဝန်ထမ်းတွေ ပင်ပင်ပန်းပန်း ပုံမှန်လှည့်ကင်း ပတ်ရတဲ့ ဝန်ထုတ်ဝန်ပိုးကို သက်သာစေမယ့်အပြင် နေရာဒေသမရွေး လုံခြုံရေးအဆင့်အတန်းကိုပါ ပိုမိုစိတ်ချရအောင် မြှင့်တင်ပေးနိုင်မယ်လို့ စတက်အပ်ကုမ္ပဏီက ယုံကြည်နေပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com