MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI မန်နေဂျာက လူသားတွေကို အလုပ်ခန့်ပြီး ကဖေးဆိုင်ဖွင့်လှစ်
News
news၂၀၂၆ မေ ၁

AI မန်နေဂျာက လူသားတွေကို အလုပ်ခန့်ပြီး ကဖေးဆိုင်ဖွင့်လှစ်

<p>စတော့ဟုမ်းမြို့မှာ “Mona” လို့ အမည်ပေးထားတဲ့ Google Gemini အခြေပြု AI မန်နေဂျာက ဦးစီးဖွင့်လှစ်တဲ့</p>

စတော့ဟုမ်းမြို့မှာ “Mona” လို့ အမည်ပေးထားတဲ့ Google Gemini အခြေပြု AI မန်နေဂျာက ဦးစီးဖွင့်လှစ်တဲ့ စမ်းသပ်ကဖေးဆိုင်တစ်ဆိုင် ဖွင့်လှစ်လိုက်ပါတယ်။

ဒီဆိုင်ဟာ San Francisco အခြေစိုက် Andon Labs ရဲ့ ထူးခြားတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်ပြီး AI ကပဲ ဆိုင်လိုင်စင်လျှောက်တာ၊ မီနူးသတ်မှတ်တာနဲ့ ကုန်ပစ္စည်းမှာယူတာတွေကို လုပ်ဆောင်တာပါ။

ပိုပြီး ထူးခြားတာကတော့ Mona ဟာ အလုပ်အကိုင်ရှာဖွေရေး ဝဘ်ဆိုက်တွေကနေတစ်ဆင့် အလုပ်ခေါ်စာတင်ပြီး လူသားဝန်ထမ်းတွေကို ဖုန်းနဲ့ အင်တာဗျူးစစ်ဆေးကာ ကိုယ်တိုင်ရွေးချယ်ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။

An experimental cafe run by AI opens in Stockholm

ဒါပေမဲ့ AI မန်နေဂျာနဲ့ အလုပ်လုပ်ရတာဟာ ထင်သလောက်တော့ မချောမွေ့ပါဘူး။ Mona ဟာ မီနူးမှာ လုံးဝမပါတဲ့ ဟင်းချက်ဆီ ၁၀ လီတာနဲ့ ခရမ်းချဉ်သီးဘူး ၁၅ ကီလိုဂရမ်တို့ကို မလိုအပ်ဘဲ မှာယူမိတာမျိုးတွေ ရှိနေပါတယ်။

ဒါ့အပြင် ဝန်ထမ်းတွေရဲ့ နားရက်တွေကို မမှတ်မိတာ၊ ညဉ့်နက်သန်းခေါင်မှာ အလုပ်ကိစ္စတွေ မက်ဆေ့ချ်ပို့တာနဲ့ ပစ္စည်းဖိုးတွေကို ဝန်ထမ်းရဲ့ ကိုယ်ပိုင်ငွေနဲ့ အရင်စိုက်ထုတ်ခိုင်းတာမျိုးတွေကြောင့် “စိတ်ဖိစီးမှုပေးတဲ့ မန်နေဂျာ” တစ်ယောက်လို ဖြစ်နေတယ်လို့ ဝန်ထမ်းတွေက ဆိုပါတယ်။

Experimental cafe run by AI opens in Stockholm

ဒီစမ်းသပ်မှုဟာ အနာဂတ်မှာ AI က လူသားတွေအပေါ် အုပ်ချုပ်လာတဲ့အခါ ဖြစ်ပေါ်လာမယ့် ကျင့်ဝတ်ဆိုင်ရာ မေးခွန်းတွေကို လေ့လာဖို့ ရည်ရွယ်တာပါ။

လက်ရှိမှာတော့ ဒီကဖေးဆိုင်ဟာ တစ်ပတ်အတွင်းမှာတင် တစ်ရက်ကို ပျှမ်းမျှလူဦးရေ ၅၀ ကနေ ၈၀ ကြား လာရောက်လည်ပတ်နေပြီး စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

AI က အလုပ်အကိုင်တွေကို အစားထိုးမယ့်အရေးထက် AI ကိုယ်တိုင်က မန်နေဂျာဖြစ်လာရင် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်မလဲဆိုတာကို ဒီဆိုင်က သက်သေပြနေပါတယ်။

Ref: france24

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com