MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Android Device တစ်ခုမှာ လုပ်လက်စအလုပ်ကို တခြား Android Device မှာ ဆက်လုပ်နိုင်မယ့် ‘Continue On’ Feature ပါလာမယ့် Android 17
News
news၂၀၂၆ မေ ၂၁

Android Device တစ်ခုမှာ လုပ်လက်စအလုပ်ကို တခြား Android Device မှာ ဆက်လုပ်နိုင်မယ့် ‘Continue On’ Feature ပါလာမယ့် Android 17

<p>Google ရဲ့ ၂၀၂၆ I/O ပွဲကြီးကနေ နည်းပညာလောကကို လှုပ်ခတ်စေမယ့် “Continue On” ဆိုတဲ့</p>

Google ရဲ့ ၂၀၂၆ I/O ပွဲကြီးကနေ နည်းပညာလောကကို လှုပ်ခတ်စေမယ့် “Continue On” ဆိုတဲ့ Android 17 ရဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုကို ချပြလိုက်ပါတယ်။

အဲဒီလုပ်ဆောင်ချက်က Android ဖုန်းတစ်လုံးမှာ လုပ်လက်စဖြစ်နေတဲ့ အလုပ်တွေကို တခြား Android Device မှာ ဆက်လုပ်နိုင်အောင် ဖန်တီးပေးထားတာဖြစ်ပါတယ်။ အက်ပလီကေးရှင်း ဖန်တီးသူတွေအနေနဲ့လည်း သူတို့ရဲ့ အက်ပ်တွေမှာ ဒီစနစ်ကို ထည့်သွင်းပေးနိုင်တော့မှာဖြစ်ပါတယ်။

Handoff suggestion appears in the tablet's taskbar

မြင်သာအောင် ပြောရရင်တော့ Google Docs အသုံးပြုပြီး ဖုန်းထဲမှာ စာရိုက်နေရင်းကနေ အကောင့်တစ်ခုတည်း ချိတ်ဆက်ထားတဲ့ Android တက်ဘလက်ဆီ ပြောင်းပြီး ဆက်ရိုက်ချင်တဲ့အခါ တက်ဘလက်ရဲ့ Taskbar မှာ ပေါ်လာမယ့် အကြံပြုချက်လေးကို နှိပ်လိုက်ရုံနဲ့တင် အလုပ်မပြတ် ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။

ဒီစနစ်က အပြန်အလှန် အလုပ်လုပ်နိုင်တာကြောင့် ဘယ် Android Device ကမဆို အချက်အလက်တွေကို ပေးပို့နိုင်သလို လက်ခံရယူနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ စတင်မိတ်ဆက်တဲ့အချိန်မှာတော့ ဖုန်းကနေ တက်ဘလက်ဆီ ပြောင်းရွှေ့တဲ့စနစ်ကိုပဲ အရင်ဆုံး အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

https://fdn.gsmarena.com/imgroot/news/26/05/google-android-17-continue-on/gsmarena_001.mp4

“Continue On” မှာ စနစ်နှစ်မျိုးပါဝင်ပြီး အက်ပ်အချင်းချင်း ချိတ်ဆက်တာ (App-to-App) နဲ့ ဝဘ်ဆိုက်ကနေတစ်ဆင့် ချိတ်ဆက်တာ (Web handoff) တို့ဖြစ်ပါတယ်။

အက်ပ်အချင်းချင်း ချိတ်ဆက်တာက ဖုန်းမှာ လုပ်လက်စနေရာကနေ တက်ဘလက်ရဲ့ အက်ပ်ထဲမှာ တိုက်ရိုက်ဆက်လုပ်နိုင်တာဖြစ်ပြီး၊ ဝဘ်ဆိုက်ကနေ ချိတ်ဆက်တာကတော့ ဖုန်းက Gmail အက်ပ်မှာ အီးမေးလ်ရေးနေတာကို တက်ဘလက်ရဲ့ Web Browser ကနေတစ်ဆင့် ဆက်ရေးနိုင်တာမျိုးဖြစ်ပါတယ်။

တကယ်လို့ တက်ဘလက်မှာ အဲဒီအက်ပ်သွင်းမထားဘူးဆိုရင်လည်း Browser ကနေတစ်ဆင့် အလိုအလျောက် ပွင့်လာပြီး ဆက်လုပ်နိုင်အောင် စီစဉ်ပေးထားကာ အဲဒီစနစ်ကို Android 17 ထွက်ရှိလာတဲ့အခါမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

https://fdn.gsmarena.com/imgroot/news/26/05/google-android-17-continue-on/gsmarena_002.mp4

Ref: gsmarena

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com