MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
၂၀၃၀ ပြည့်နှစ်မှာ အမေရိကန် နိုင်ငံရဲ့ GDP ဟာ ဒေါ်လာ ၄၄ ဒသမ ၄ ထရီလီယံအထိ စံချိန်တင် ရောက်ရှိသွားနိုင်
News
news၂၀၂၆ စက်တင်ဘာ ၁၇

၂၀၃၀ ပြည့်နှစ်မှာ အမေရိကန် နိုင်ငံရဲ့ GDP ဟာ ဒေါ်လာ ၄၄ ဒသမ ၄ ထရီလီယံအထိ စံချိန်တင် ရောက်ရှိသွားနိုင်

<p>လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ဉာဏ်ရည်တု (AI) နည်းပညာတွေကြောင့် အမေရိကန်ရဲ့ စီးပွားရေးဟာ ဘယ်လောက်အထိ ကြီးကြီးမားမား</p>

လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ဉာဏ်ရည်တု (AI) နည်းပညာတွေကြောင့် အမေရိကန်ရဲ့ စီးပွားရေးဟာ ဘယ်လောက်အထိ ကြီးကြီးမားမား ပြောင်းလဲသွားနိုင်သလဲဆိုတာကို နာမည်ကြီး Anthropic ကုမ္ပဏီက စိတ်ဝင်စားစရာ အခြေအနေ ၃ ရပ်နဲ့ ခန့်မှန်းပြထားပါတယ်။ အဆိုးရွားဆုံးလို့ ဆိုရမယ့် ပထမအခြေအနေမှာတော့ AI တွေက လူတွေရဲ့ အလုပ်အကိုင် အများစုကို လုံးဝနေရာယူသွားမှာပါ။ ဒီလိုဖြစ်လာရင် အမေရိကန်ရဲ့ စီးပွားရေးတိုးတက်မှုက တစ်နှစ်ကို ၁၅ ရာခိုင်နှုန်းအထိ အရှိန်အဟုန်နဲ့ ထိုးတက်သွားနိုင်ပြီး နိုင်ငံရဲ့ GDP ဟာလည်း ဒေါ်လာ ၄၄ ဒသမ ၄ ထရီလီယံအထိ စံချိန်တင် ရောက်ရှိသွားနိုင်ပါတယ်။ ဒါပေမဲ့ အလုပ်လက်မဲ့နှုန်းကလည်း သမိုင်းတစ်လျှောက် မကြုံစဖူး မြင့်တက်လာနိုင်ပြီး ရလာတဲ့ ဝင်ငွေတွေက အလုပ်သမားတွေလက်ထဲကို မရောက်ဘဲ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုမ္ပဏီကြီးတွေဆီကိုသာ ပုံအောရောက်ရှိသွားနိုင်ပါတယ်။

Breakingviews - Big Tech and AI get too close for comfort | Reuters

ဒုတိယ အခြေအနေကတော့ သိပ်မဆိုးလှပါဘူး။ AI က အသိပညာအခြေခံ အလုပ်တွေရဲ့ ထက်ဝက်လောက်ကိုသာ ကူညီလုပ်ဆောင်ပေးမှာဖြစ်ပြီး GDP က ဒေါ်လာ ၃၆ ဒသမ ၃ ထရီလီယံအထိ တက်လာနိုင်ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေရဲ့ လုပ်အားခကတော့ တက်မလာဘဲ ဒီအတိုင်းပဲ ဆက်ရှိနေနိုင်ပါတယ်။ တတိယမြောက် အသင့်အတင့် အခြေအနေမှာတော့ AI ရဲ့ သက်ရောက်မှုက အခုခေတ် အင်တာနက် အသုံးပြုနေသလိုမျိုးလောက်ပဲ ရှိမှာပါ။ GDP ဟာ ဒေါ်လာ ၃၄ ဒသမ ၁ ထရီလီယံကို ရောက်လာမှာဖြစ်သလို လူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေမှာလည်း ကြီးကြီးမားမား အပြောင်းအလဲ ရှိလာမှာ မဟုတ်ဘူးလို့ Anthropic က ဆိုပါတယ်။

U.S. Secures Top Spot in Global AI Innovation Rankings | by ODSC - Open  Data Science | Medium

တကယ်တော့ အဲဒီ ခန့်မှန်းချက်တွေဟာ သေချာပေါက် ဖြစ်လာမယ်လို့ ကြိုတင်ဟောကိန်းထုတ်ထားတာမျိုး မဟုတ်ပါဘူး။ ကုမ္ပဏီတွေအနေနဲ့ AI နည်းပညာကို ဘယ်လောက်အထိ မြန်မြန်ဆန်ဆန်နဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုလာမလဲဆိုတဲ့ အပေါ်မှာပဲ အများကြီး မူတည်နေတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Anthropic က အမေရိကန်နိုင်ငံသား ၁ သောင်းကျော်ကို စစ်တမ်းကောက်ယူကြည့်တဲ့အခါမှာတော့ အများစုက အလယ်အလတ် အခြေအနေမျိုးကိုပဲ ဖြစ်လာနိုင်ချေအများဆုံးလို့ ယုံကြည်ထားကြပြီး ၁၀ ရာခိုင်နှုန်းလောက်ကတော့ အဆိုးရွားဆုံး အခြေအနေဆီကို ဦးတည်သွားနိုင်တယ်လို့ စိုးရိမ်တကြီး ဖြေဆိုခဲ့ကြပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com