MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အသက်ပြန်ငယ်စေမယ့် နည်းပညာနဲ့ မိမိ ပုံစံတူ “Baby Bryan” ကို တီထွင်လိုက်သူ ဘရိုင်ယန်ဂျွန်ဆင်
News
news၂၀၂၆ ဇူလိုင် ၂၅

အသက်ပြန်ငယ်စေမယ့် နည်းပညာနဲ့ မိမိ ပုံစံတူ “Baby Bryan” ကို တီထွင်လိုက်သူ ဘရိုင်ယန်ဂျွန်ဆင်

<p>ဇီဝနည်းပညာနဲ့ အသက်ပြန်ငယ်အောင် လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဘရိုင်ယန်ဂျွန်ဆင် (Bryan Johnson) ကတော့ ဖန်ပြားသေးသေးလေးထဲမှာ သူ့ရဲ့</p>

ဇီဝနည်းပညာနဲ့ အသက်ပြန်ငယ်အောင် လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဘရိုင်ယန်ဂျွန်ဆင် (Bryan Johnson) ကတော့ ဖန်ပြားသေးသေးလေးထဲမှာ သူ့ရဲ့ ပုံစံတူ “Baby Bryan” လို့ နာမည်ပေးထားတဲ့ ဆဲလ်အသစ်ကို တီထွင်လိုက်နိုင်ပြီလို့ ကြေညာလိုက်ပါတယ်။

ဒီစမ်းသပ်မှုဟာ သူ့ရဲ့ သွေးနမူနာကနေ ဆဲလ်တွေကို ရယူပြီး Yamanaka factors နည်းပညာနဲ့ ခန္ဓာကိုယ်ရဲ့ ဘာမဆို ဖြစ်လာနိုင်တဲ့ သီးသန့် စတမ်ဆဲလ် (Stem Cells) တွေအဖြစ် အသွင်ပြောင်းလိုက်တာပါ။

ဒီ “Baby Bryan” ကနေတစ်ဆင့် အနာဂတ်မှာ ကုသမှုအသစ်တွေကို စမ်းသပ်တာ၊ အစားထိုးဖို့ အင်္ဂါအစိတ်အပိုင်းတွေ မွေးမြူတာနဲ့ ကလေးငယ်ဆဲလ်တွေကို ခန္ဓာကိုယ်ထဲ ပြန်ထိုးသွင်းပြီး အသက်ပြန်ငယ်အောင် လုပ်ဆောင်နိုင်မယ်လို့ သူက ဆိုပါတယ်။

Anti aging entrepreneur Bryan Johnson says he has created what he calls "Baby Bryan," a "newborn" version of himself that currently lives in a petri dish. In a post on X, Johnson

ဒါတင်မကသေးဘဲ ဒီနည်းပညာဟာ ပျက်စီးသွားတဲ့ အင်္ဂါတွေကို ပြန်လည်ပြုပြင်ပေးနိုင်သလို အမြင်အာရုံနဲ့ အကြားအာရုံတွေကိုပါ ပြန်လည်ကောင်းမွန်လာအောင် သူ့ရဲ့ ကိုယ်ပိုင်ဆဲလ်တွေနဲ့တင် ပြန်ဆောက်ပေးနိုင်မှာပါ။ မိမိကိုယ်ပိုင် ခန္ဓာကိုယ်ဆဲလ်တွေ ဖြစ်တာကြောင့် ကိုယ်ခံအားစနစ်က ငြင်းပယ်မယ့် အန္တရာယ်လည်း မရှိသလောက် နည်းပါးပါတယ်။

လက်ရှိမှာလည်း အလားတူ စတမ်ဆဲလ် နည်းပညာတွေကို ပါကင်ဆန်ရောဂါ၊ နှလုံးရောဂါနဲ့ အမြင်အာရုံကွယ်တာတွေကို ကုသဖို့အတွက် ဆေးဝါးစမ်းသပ်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Biohacker Bryan Johnson says he's 'cloned himself as a baby' to harvest its organs

ဒါပေမဲ့လည်း လူနာတွေအတွက် အပြည့်အဝ အလုပ်လုပ်နိုင်တဲ့ အစားထိုး အင်္ဂါတွေကို ဖန်တီးပေးနိုင်ဖို့ကတော့ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးတာကြောင့် ပုံမှန် ဆေးဝါးကုသမှု တစ်ခုအဖြစ် သုံးစွဲဖို့တော့ လိုပါသေးတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com