MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
iPhone ပိုင်ရှင်တွေကို ဒေါ်လာ သန်း ၂၅၀ လျော်ကြေးပေးမယ့် Apple
News
news၂၀၂၆ မေ ၉

iPhone ပိုင်ရှင်တွေကို ဒေါ်လာ သန်း ၂၅၀ လျော်ကြေးပေးမယ့် Apple

<p>Apple ရဲ့ AI စနစ်ဖြစ်တဲ့ Apple Intelligence ပါဝင်မယ်ဆိုပြီး ကြော်ငြာခဲ့ပေမဲ့ တကယ်တမ်း ဝယ်ယူသူတွေ</p>

Apple ရဲ့ AI စနစ်ဖြစ်တဲ့ Apple Intelligence ပါဝင်မယ်ဆိုပြီး ကြော်ငြာခဲ့ပေမဲ့ တကယ်တမ်း ဝယ်ယူသူတွေ လက်ထဲမှာ လုပ်ဆောင်ချက်တွေ အပြည့်အဝ မရရှိခဲ့တာကြောင့် တရားစွဲဆိုခံရတဲ့အမှုကို Apple က ဒေါ်လာ ၂၅၀ သန်းနဲ့ အမှုကျေအေးဖို့ သဘောတူလိုက်ပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လကနေ ၂၀၂၅ ခုနှစ် မတ်လအထိ iPhone 16 နဲ့ iPhone 15 Pro ဝယ်ထားတဲ့ အမေရိကန်က အသုံးပြုသူတွေအနေနဲ့ နစ်နာကြေး တောင်းခံနိုင်မှာဖြစ်ပြီး ဖုန်းတစ်လုံးကို အနည်းဆုံး ၂၅ ဒေါ်လာကနေ ၉၅ ဒေါ်လာအထိ ပြန်ရနိုင်မယ့် အခြေအနေရှိပါတယ်။

Apple agrees to $250 million settlement over AI Siri claims - CGTN

အဓိက ပြဿနာကတော့ iPhone 16 စထွက်လာချိန်မှာ “Apple Intelligence အတွက် သီးသန့်ထုတ်ထားတာ” လို့ ဆိုခဲ့ပေမဲ့ ကြော်ငြာထဲကအတိုင်း AI စွမ်းဆောင်ရည်တွေ ချက်ချင်း ပါမလာခဲ့တာပဲ ဖြစ်ပါတယ်။ စားသုံးသူတွေဘက်ကတော့ Apple ရဲ့ ကြော်ငြာတွေဟာ သူတို့မျှော်လင့်ထားသလို AI စွမ်းရည်တွေကို အပြည့်အဝ မပေးနိုင်ဘဲ လှည့်ဖြားသလို ဖြစ်နေတယ်လို့ စွပ်စွဲခဲ့ကြတာပါ။ Apple ဟာ Genmoji နဲ့ Siri ထဲမှာ ChatGPT ထည့်သွင်းတာတွေကို တစ်ဆင့်ချင်းစီ နောက်ကျပြီးမှ ထုတ်ပေးခဲ့ရသလို၊ ပိုစမတ်ကျတဲ့ Siri ဗားရှင်းအသစ်ကိုလည်း အချိန်အတော်ကြာအောင် ရွှေ့ဆိုင်းခဲ့ရပါတယ်။

Apple Agrees to $250 Million Settlement Over Siri AI Claims, With Some iPhone  Owners Eligible for Up to $95 - North American Community Hub

ဒီလိုကြော်ငြာအမှားတွေကြောင့် အမျိုးသားကြော်ငြာဌာန (NAD) ကလည်း Apple ရဲ့ “ချက်ချင်းသုံးနိုင်ပြီ” ဆိုတဲ့ စာသားတွေကို ပြင်ဆင်ဖို့ တိုက်တွန်းခဲ့ရသလို၊ မင်းသမီး Bella Ramsey ပါဝင်တဲ့ ကြော်ငြာကိုပါ Apple ဘက်က ပြန်ဖြုတ်ခဲ့ရပါတယ်။ Apple အနေနဲ့ သူတို့မှာ အပြစ်ရှိတယ်လို့ တရားဝင် ဝန်မခံထားပေမဲ့ အရှည်ကြာဆုံး ရင်ဆိုင်ရမယ့် တရားရုံးအမှုကို ရှောင်လွှဲဖို့အတွက် အခုလို အမေရိကန်ဒေါ်လာ သန်းချီ ပေးလျော်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Ref : The Verge

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com