MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
“ကောင်းသောနေ့များဆီသို့” CSR လူမှုအကျိုးပြုအစီအစဉ်၏ ပထမခြေလှမ်းအဖြစ်  အမြင်အာရုံ မသန်စွမ်းသူများအတွက် ဒစ်ဂျစ်တယ်အသိပညာပေးခြင်းဖြင့် အခွင့်အလမ်းများဖွင့်လှစ်
News
news၂၀၂၆ ဇွန် ၃၀

“ကောင်းသောနေ့များဆီသို့” CSR လူမှုအကျိုးပြုအစီအစဉ်၏ ပထမခြေလှမ်းအဖြစ် အမြင်အာရုံ မသန်စွမ်းသူများအတွက် ဒစ်ဂျစ်တယ်အသိပညာပေးခြင်းဖြင့် အခွင့်အလမ်းများဖွင့်လှစ်

<p>မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့်</p>

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure သည် ၎င်း၏ “ကောင်းသောနေ့များဆီသို့” လူမှုအကျိုးပြု CSR အစီအစဉ်၏ ပထမခြေလှမ်းအဖြစ် အမြင်အာရုံမသန်စွမ်းသူများအတွက် ဒစ်ဂျစ်တယ်အသိပညာပေး သင်တန်းကို ဇွန်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် ကျင်းပခဲ့သည်။ ဤအစီအစဉ်အား ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) နှင့် ပူးပေါင်း၍ သင်တန်းပို့ချသူ Trainer မဝေဖူး၏ ပံ့ပိုးမှုဖြင့် အမြင်အာရုံမသန်စွမ်းသူများ အတွက် လက်တွေ့သင်ကြားပို့ချမှုများ ပြုလုပ်ခဲ့ပါသည်။

XtraSure သည် Apple Authorized Reseller အဖြစ် အကောင်းဆုံးအရည်အသွေးမြင့် Apple ထုတ်ကုန်များအား Apple ဝန်ဆောင်မှုအတွေ့အကြုံများဖြင့် ရောင်းချပေးနေသည့်အပြင် ယခု “ကောင်းသောနေ့များဆီသို့” အစီအစဉ်ဖြင့် မြန်မာ့လူမှု အသိုက်အဝန်းအတွက် ပိုမို‌ကောင်းမွန်သည့် နေ့စဉ်လူနေမှုဘဝများ ဖော်ဆောင်ရာတွင် အကျိုးရှိစေမည့် Corporate Social Responsibility (CSR) လှုပ်ရှားမှုတစ်ရပ်ကို အကောင်အထည် ဖော်လျက်ရှိသည်။ အစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ အမြင်အာရုံမသန်စွမ်းသူများအတွက် ဒစ်ဂျစ်တယ်နည်းပညာကို လက်လှမ်းမီစေပြီး နေ့စဉ်ဘဝကို ပိုမိုသက်တောင့်သက်သာရှိစွာ အမှီခိုကင်းကင်းဖြင့် နေထိုင်နိုင်ရန် ပံ့ပိုးကူညီပေးခြင်း ဖြစ်သည်။

အစီအစဉ်၏ ပထမအကြိမ်သင်တန်းကို အမြင်အာရုံမသန်စွမ်းသင်တန်းသား (၃၀) ဦး ပါဝင်တက်ရောက်ခဲ့သည်။ သင်တန်းသားများအား လက်ကိုင်ဖုန်းသုံးရာတွင် ပိုမိုလွယ်ကူစေပြီး နှံ့စပ်ကျွမ်းကျင်စွာအသုံးပြုနိုင်သည့် Device များတွင် ပါဝင်သော အခြေခံအသုံးပြုမှုဆိုင်ရာ Gesture (Voice-over, Siri, Accessibility Shortcuts နှင့် Control Center) များကို စိတ်ကြိုက်ပြင်ဆင်အသုံးပြုခြင်း၊ အဆင့်မြင့် AI အကူအညီဖြင့် Navigation အသုံးပြုခြင်းနှင့် iMovie အသုံးပြု၍ ဆန်းသစ်သော ဗီဒီယိုများပြုလုပ်/တည်းဖြတ်ခြင်း စသည့်အကြောင်းအရာများကို အဓိကထား သင်ကြားပေးခဲ့သည်။ သင်တန်းသားများသည် ဆက်သွယ်ရေး၊ အချက်အလက်ရှာဖွေရေးနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ကိုယ်တိုင် အမှီအခိုကင်းကင်းလုပ်ဆောင်နိုင်ရန် iOS devices များဖြင့် လက်တွေ့လေ့ကျင့်ခဲ့ကြသည်။ ဤအစီအစဉ်သည် ဒစ်ဂျစ်တယ်နည်းပညာကို လက်လှမ်းမီစေခြင်း မှတစ်ဆင့် လူနေမှုဘဝအရည်အသွေးကို တိုးတက်စေနိုင်ကြောင်း XtraSure ၏ ယုံကြည်ချက်ကို ထင်ဟပ်စေပါသည်။

“XtraSure ကိုတည်ထောင်ခဲ့တဲ့ ၂၀၁၃ ကတည်းက စစ်မှန်ပြီး အရည်အသွေးပြည့်ဝတဲ့ Apple ထုတ်ကုန်တွေကို ရောင်းချပြီး ဝယ်ယူသူတွေအတွက် အကောင်းဆုံးသော Apple Experience တွေကိုပေးအပ်နေရုံသာမက နည်းပညာကို အသုံးပြုပြီး လူတွေရဲ့နေ့စဉ်ဘဝကို အမှန်တကယ် ပြောင်းလဲပေးနိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်” ဟု XtraSure ၏ Spokesperson ဖြစ်သူ ကိုနေမျိုးအောင် မှပြောကြားခဲ့သည်။ “ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) နဲ့ ပူးပေါင်းဖြစ်ခဲ့တာကတော့ သူတို့မှာ ကိုယ်ပိုင်စွမ်းရည်၊ ယုံကြည်ချက်တွေနဲ့ ကြိုးစားမှုတွေရှိပေမယ့် လိုအပ်တဲ့ပံ့ပိုးကူညီမှုရယ်၊ သင့်တော်တဲ့နည်းပညာနဲ့ လေ့ကျင့်မှုတွေ ပေးလိုက်မယ်ဆိုရင် သူတို့ရဲ့နေ့စဉ်ဘဝဟာ ပိုမိုလွယ်ကူပြီး ရည်မှန်းချက်တွေဆီ လွယ်လွယ်ကူကူရောက်စေနိုင်လို့ပါ။ ကျွန်တော်တို့ရဲ့ “ကောင်းသောနေ့များဆီသို့” အစီအစဉ်ကနေတစ်ဆင့် အခွင့်အလမ်းအသစ်တွေ၊ ပိုကောင်းမွန်တဲ့နေ့ရက်တွေ ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ထပ်မံ ပြောကြားခဲ့သည်။

ထို့အပြင် သင်တန်းသားတစ်ဦးဖြစ်သူ ကိုအားကိုက် ကလည်း “ဒီသင်တန်းက ကျွန်တော့်ရဲ့ဖုန်းအသုံးပြုပုံကို လုံးဝ ပြောင်းလဲ ပေးလိုက်ပါတယ်။ အရင်က ကိစ္စတော်တော်များများမှာ တခြားသူတွေကို မှီခိုနေရတာများပါတယ်။ အခုတော့ ဖုန်းကနေတစ်ဆင့် အလုပ်တွေလည်း ကိုယ်တိုင်ထိထိရောက်ရောက် စိတ်တိုင်းကျ ဆက်သွယ်စီမံလာနိုင်တော့မှာဖြစ်လို့ တကယ်အားရမိပါတယ်။ ကျွန်တော်တို့အတွက် ဒီလိုသင်တန်းတွေ တကယ်လိုအပ်နေတာပါ။ သင်တန်းမှာလဲ device တွေကို လက်တွေ့အသုံးပြုပြီး အချက်အလက် အတွေ့အကြုံတွေကိုအချင်းချင်း ဝေမျှရလို့ ဝမ်းသာမိပါတယ်။ XtraSure နဲ့ မဝေဖူးကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အတူ သင်တန်းပို့ချသူ မဝေဖူး ကလည်း “အရင်က ဒီလိုနည်းပညာတွေကို သင်ယူဖို့ အခွင့်အလမ်းတွေ၊ ပံ့ပိုးမှုတွေ မလုံလောက်ခဲ့ပါဘူး။ ကျွန်မတို့ကိုယ်တိုင် ကြိုးစားလေ့လာခဲ့ရတဲ့အတွက် အခက်အခဲတွေလဲရှိခဲ့သလို နည်းပညာနဲ့ပတ်သက်ပြီး အလုံးစုံသေချာစနစ်တကျသိရှိဖို့ စိန်ခေါ်မှုတွေရှိခဲ့ပါတယ်။ အခုလို XtraSure က အခွင့်အလမ်း ဖန်တီးပေးတာကြောင့် ကျေးဇူးအထူးတင်ပါတယ်။ ကိုယ်တိုင်ရရှိခဲ့တဲ့ အသိပညာတွေကို ပြန်လည်မျှဝေပြီး ကိုယ့်အသိုက်အဝန်းကို ကူညီပေးနိုင်တာ ကိုလဲ ဂုဏ်ယူမိပါတယ်” ဟု ပြောကြားခဲ့သည်။

XtraSure သည် “ကောင်းသောနေ့များဆီသို့” CSR လူမှုအကျိုးပြုအစီအစဉ်မှတစ်ဆင့် အမြင်အာရုံမသန်စွမ်း သူများအတွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများ ပိုမိုလက်လှမ်းမီစေရန် ရည်ရွယ်ထားပါသည်။ ရှေ့ဆက်၍လည်း XtraSure သည် ဝယ်ယူသူများအတွက် အရည်အသွေးပြည့်ဝပြီး စစ်မှန်ပြည့်စုံကောင်းမွန်သည့် Apple Experience များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး မြန်မာ့လူမှုအသိုက်အဝန်းအတွက် အကျိုးရှိစေမည့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်ပံ့ပိုးလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

Media release: XtraSure

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com