MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီအဖြစ် Nvidia ကို Apple ပြန်လည်ကျော်တက်
News
news၂၀၂၆ ဇူလိုင် ၂၈

ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီအဖြစ် Nvidia ကို Apple ပြန်လည်ကျော်တက်

<p>Apple ကုမ္ပဏီဟာ စတော့ရှယ်ယာ တန်ဖိုး ၁ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီးနောက် ဈေးကွက်တန်ဖိုး ဒေါ်လာ ၄.၉၄</p>

Apple ကုမ္ပဏီဟာ စတော့ရှယ်ယာ တန်ဖိုး ၁ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီးနောက် ဈေးကွက်တန်ဖိုး ဒေါ်လာ ၄.၉၄ တရီလီယံအထိ ရောက်ရှိလာခဲ့တာကြောင့် Nvidia ရဲ့ ၄.၈၃ တရီလီယံ ကို ကျော်လွန်ပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီနေရာကို ပြန်လည်ရရှိသွားခဲ့ပါတယ်။

ဒီနှစ်အတွင်း Apple ရဲ့ စတော့ရှယ်ယာ တန်ဖိုးဟာ ၂၂ ရာခိုင်နှုန်းကျော် ထပ်မံမြင့်တက်လာခဲ့တာကြောင့် နည်းပညာ ကုမ္ပဏီကြီးတွေထဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

အေအိုင် (AI) နည်းပညာတွေမှာ ငွေကြေးအလွန်အကျွံ သုံးစွဲတာမျိုး မလုပ်ခဲ့တာကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

Nvidia overtakes Apple as No. 2 most valuable company - DD India

AI နည်းပညာနဲ့ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်သွားမယ်လို့ ကြေညာခဲ့တဲ့ Alphabet နဲ့ Tesla တို့ရဲ့ စတော့ရှယ်ယာတွေ ကျဆင်းသွားခဲ့ပေမယ့် Apple ကတော့ ပြီးခဲ့တဲ့ သုံးလပတ် သုံးခုစလုံးမှာ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်ခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေဟာ AI အခြေခံအဆောက်အအုံမှာ ငွေကြေးအများအပြား ရင်းနှီးနေရတဲ့ ကုမ္ပဏီတွေဆီကနေ စရိတ်စက ထိန်းချုပ်နိုင်တဲ့ Apple ဘက်ကို ပြန်လည်ဦးလှည့်လာကြတာ ဖြစ်ပါတယ်။

Apple ဟာ စရိတ်စက ထိန်းချုပ်ရင်း Apple Intelligence စနစ်ကို ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်နိုင်မလားဆိုတာကို လာမယ့် ဘဏ္ဍာရေး အစီရင်ခံစာမှာ ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်သွားကြမှာ ဖြစ်ပါတယ်။

Apple vs. Nvidia: Which Is the Better Megacap Stock to Buy?

လွန်ခဲ့တဲ့ ဇွန်လကစပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီအဖြစ် ရပ်တည်ခဲ့သလို ဈေးကွက်တန်ဖိုး ဒေါ်လာ ၅ တရီလီယံအထိ ပထမဆုံး ရောက်ရှိခဲ့တဲ့ Nvidia ကတော့ ဒီနှစ်အတွင်း ရာခိုင်နှုန်း အနည်းငယ်သာ တိုးတက်မှု ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ Apple ရဲ့ စီအီးအို Tim Cook ဟာ စက်တင်ဘာ ၁ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်ပြီး အမှုဆောင်ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူမှာဖြစ်ကာ ဟာ့ဒ်ဝဲအင်ဂျင်နီယာပိုင်းဆိုင်ရာ အကြီးအကဲ John Ternus က စီအီးအိုသစ်အဖြစ် အစားထိုး တာဝန်ယူသွားမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။

Ref: Yahoo

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com