MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Apple က iPhone 17 Series, iPhone Air နဲ့ iPhone 16 ရဲ့ ဈေးကို ဒေါ်လာ ၁၀၀ တက်လိုက်ပြီ
News
news၂၀၂၆ စက်တင်ဘာ ၁၁

Apple က iPhone 17 Series, iPhone Air နဲ့ iPhone 16 ရဲ့ ဈေးကို ဒေါ်လာ ၁၀၀ တက်လိုက်ပြီ

<p>Apple က အသစ်စက်စက် iPhone 18 Pro စီးရီးနဲ့ ခေါက်ဖုန်း iPhone Duo</p>

Apple က အသစ်စက်စက် iPhone 18 Pro စီးရီးနဲ့ ခေါက်ဖုန်း iPhone Duo  ကို မိတ်ဆက်လိုက်ချိန်မှာ ဖုန်းဟောင်းတွေ စျေးကျမယ်လို့ ထင်ထားရင်တော့ မှားသွားပါပြီ။ မထင်မှတ်ဘဲ လက်ရှိ iPhone 17  စီးရီး၊ iPhone 17e , iPhone Air  နဲ့ iPhone 16   မော်ဒယ်တွေရဲ့ စျေးနှုန်းတွေကို Apple  က ကပ်ဒိုးလေး မြှင့်တင်လိုက်ပါတယ်။

Apple debuts iPhone 17 - Apple

အဲဒီမော်ဒယ်တွေ အကုန်လုံးဟာ နဂိုစျေးထက် ဒေါ်လာ ၁၀၀ စီ ပိုတက်သွားတာ ဖြစ်ပါတယ်။ အခုဆိုရင် အမေရိကန်စျေးကွက်မှာ အခြေခံ iPhone 17   ကို ၈၉၉ ဒေါ်လာ၊ iPhone 17e  ကို ၆၉၉ ဒေါ်လာ၊ iPhone Air  ကို ၁၀၉၉ ဒေါ်လာနဲ့ iPhone 16  ကို ၇၉၉ ဒေါ်လာကနေ စတင်ဝယ်ယူရတော့မှာပါ။

Multiple iPhone 17 devices shown from the side and featuring the full color lineup: lavender, mist blue, sage, white, and black.

ထုံးစံအားဖြင့် မော်ဒယ်သစ်ထွက်ရင် အဟောင်းတွေကို စျေးချရောင်းလေ့ရှိပေမယ့် အခုလို ရှားရှားပါးပါး စျေးတက်သွားရတာဟာ မှတ်ဉာဏ်ချစ်ပ် (memory) ပစ္စည်းပြတ်လပ်မှု အခက်အခဲတွေကြောင့်လို့ သိရပါတယ်။ ဒီစျေးတက်တဲ့ ဂယက်ဟာ iPhone တွေမှာသာမက Mac၊ iPad နဲ့ HomePod တွေမှာပါ သက်ရောက်သွားပြီ ဖြစ်ပါတယ်။

Ref : gsmarena

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com