MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ခေတ်မမီတော့တဲ့ ဖုန်း ဖြစ်သွားတဲ့ iPhone X
News
news၂၀၂၆ ဩဂုတ် ၁၆

ခေတ်မမီတော့တဲ့ ဖုန်း ဖြစ်သွားတဲ့ iPhone X

<p>စမတ်ဖုန်းလောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့ iPhone X ကို Apple  က ခေတ်မမီတော့တဲ့ ထုတ်ကုန်စာရင်းမှာ တရားဝင်</p>

စမတ်ဖုန်းလောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့ iPhone X ကို Apple  က ခေတ်မမီတော့တဲ့ ထုတ်ကုန်စာရင်းမှာ တရားဝင် ထည့်သွင်းလိုက်ပါပြီ။ ဒါကြောင့် ဒီဖုန်းကို Apple Store တွေနဲ့ တရားဝင် ဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာ ပြင်ဆင်တာ၊ အပိုပစ္စည်း လဲလှယ်တာတွေ လုပ်ပေးတော့မှာ မဟုတ်ပါဘူး။ ကုမ္ပဏီအနေနဲ့ ထုတ်ကုန်တစ်ခုကို ဖြန့်ချိမှု ရပ်နားပြီး ၇ နှစ်အကြာမှာ အခုလို သတ်မှတ်လေ့ရှိပြီး iPhone X ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလကတည်းက ရောင်းချမှု ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

iPhone X 2022 Upload

၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ စတင်မိတ်ဆက်ခဲ့တဲ့ အချိန်ကစလို့ iPhone X ဟာ ပရိသတ်တွေကြားမှာ အတော်လေး ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ OLED မျက်နှာပြင်နဲ့ Face ID ကို ပထမဆုံး အသုံးပြုခဲ့တဲ့ ဖုန်းဖြစ်သလို၊ Touch ID ပါဝင်တဲ့ Home ခလုတ်ကို ဖယ်ရှားလိုက်တာကြောင့် ရှေ့ဘက်ကင်မရာနဲ့ Face ID အာရုံခံကိရိယာတွေ ပါဝင်တဲ့ Notch ဒီဇိုင်းနဲ့ မျက်နှာပြင်အပြည့် သုံးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖန်သားကိုယ်ထည်နဲ့ စတီးဘောင်ကို အသုံးပြုပြီး အဆင့်မြင့်ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့အတွက် အဲဒီအချိန်က အလွန်ရေပန်းစားခဲ့ပါတယ်။

iPhone X reinvented the smartphone, now it is obsolete - India Today

Software ပိုင်းကို ကြည့်မယ်ဆိုရင် iPhone X အတွက် နောက်ဆုံးရရှိခဲ့တဲ့ အဓိက update ကတော့ iOS 16 ဖြစ်ပေမယ့် လုံခြုံရေးဆိုင်ရာ update တွေကိုတော့ ဆက်လက်ထုတ်ပေးနေဆဲ ဖြစ်ပါတယ်။ Apple ဟာ iPhone X အပြင် ၂၀၁၈ ခုနှစ်ထုတ် 15-inch MacBook Pro ကိုလည်း အဲဒီ ခေတ်မမီတော့တဲ့ ထုတ်ကုန်စာရင်းမှာ ထပ်မံထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် တစ်ချိန်က လူကြိုက်များခဲ့တဲ့ iPhone X ဟာ အခုဆိုရင် သမိုင်းစာမျက်နှာထက်ကို တရားဝင် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

Ref : macrumors

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com