MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Apple က စက်တင်ဘာလ ၉ ရက်နေ့မှာ ပွဲကျင်းပမယ်လို့ အတည်ပြုလိုက်ပြီ၊ Foldable iPhone ပါလာနိုင်သလား?
News
news၂၀၂၆ ဩဂုတ် ၂၇

Apple က စက်တင်ဘာလ ၉ ရက်နေ့မှာ ပွဲကျင်းပမယ်လို့ အတည်ပြုလိုက်ပြီ၊ Foldable iPhone ပါလာနိုင်သလား?

<p>Apple ပရိသတ်တွေ ရင်ခုန်စရာအချိန်လေး ရောက်လာပါပြီ။ လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ Apple ရဲ့</p>

Apple ပရိသတ်တွေ ရင်ခုန်စရာအချိန်လေး ရောက်လာပါပြီ။ လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ Apple ရဲ့ ဆောင်းဦးရာသီပွဲစဉ်ကြီးကို “Surprise and shine” ဆိုတဲ့ စိတ်ဝင်စားစရာ ဆောင်ပုဒ်နဲ့အတူ Steve Jobs Theater မှာ ခမ်းခမ်းနားနား ကျင်းပသွားဖို့ အတည်ပြုလိုက်ပါတယ်။

Surprise and Shine' — Apple reveals when to tune into its September event  and teases what's coming — here's what to expect and how we might finally  meet a folding iPhone | TechRadar

ဒီပွဲကြီးမှာ အားလုံးက စောင့်မျှော်နေကြတဲ့ စွမ်းဆောင်ရည်မြင့် A20 Pro chip သုံး iPhone 18 Pro နဲ့ iPhone 18 Pro Max တွေအပြင် iPhone Ultra လို့ နာမည်ပေးထားတဲ့ ပထမဆုံး ခေါက်ချိုး iPhone အသစ်ကြီး ထွက်ပေါ်လာဖို့ရှိနေတာကတော့ အတော်လေးကို ရင်ခုန်စရာကောင်းနေပါတယ်။ ဒါ့အပြင် Apple Watch Series 12၊ Watch Ultra 4၊ မျိုးဆက်သစ် Apple TV 4K နဲ့ HomePod mini တို့လို စမတ်ပစ္စည်းတွေအပါအဝင် iOS 27 နဲ့ iPadOS 27 တို့ ထွက်ရှိမယ့် နေ့ရက်တွေကိုပါ တစ်ပါတည်း ကြေညာသွားဖို့ ရှိနေပါတယ်။

Apple Event Plans: New Products Coming in 2026 - MacRumors

အထူးခြားဆုံးကတော့ Apple ရဲ့ ခေါက်ချိုး iPhone သစ်ကြီးဟာ ပြိုင်ဘက် Galaxy Z Fold 8 လိုမျိုး ခပ်ကျယ်ကျယ် မျက်နှာပြင်ဒီဇိုင်းနဲ့ ထွက်လာနိုင်ပြီး ဖြန့်လိုက်ရင် ၇.၆ လက်မအထိ ကျယ်ဝန်းမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ လက်ရှိ ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရတဲ့ memory အခက်အခဲတွေကြောင့် ဈေးနှုန်းပိုင်းမှာတော့ သိသိသာသာ မြင့်တက်လာနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အဲဒီလို ပြောင်းလဲသွားမယ့် Apple ရဲ့ ဈေးနှုန်းတွေဟာ တခြား Android ဖုန်းတွေအတွက်ပါ ဈေးကွက်စံသတ်မှတ်ချက်အသစ် ဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။

Ref : androidpure

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com