MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI က စီမံခန့်ခွဲမယ့် ကုမ္ပဏီတွေကို အာဂျင်တီးနား မှာ ခွင့်ပြုတော့မည်
News
news၂၀၂၆ ဇူလိုင် ၉

AI က စီမံခန့်ခွဲမယ့် ကုမ္ပဏီတွေကို အာဂျင်တီးနား မှာ ခွင့်ပြုတော့မည်

<p>လူသားမလိုဘဲ အေအိုင် (AI) နည်းပညာနဲ့တင် သီးသန့်လည်ပတ်မယ့် ကုမ္ပဏီတွေကို တရားဝင် လုပ်ကိုင်ခွင့်ပေးနိုင်မယ့် သမိုင်းဝင် ဥပဒေကြမ်းတစ်ခုကို</p>

လူသားမလိုဘဲ အေအိုင် (AI) နည်းပညာနဲ့တင် သီးသန့်လည်ပတ်မယ့် ကုမ္ပဏီတွေကို တရားဝင် လုပ်ကိုင်ခွင့်ပေးနိုင်မယ့် သမိုင်းဝင် ဥပဒေကြမ်းတစ်ခုကို အာဂျင်တီးနား သမ္မတ ဟာဗီယာ မီလေ (Javier Milei) က လွှတ်တော်ဆီ တင်သွင်းလိုက်ပါတယ်။

ဒီအဆိုပြုချက်သာ အတည်ဖြစ်လာခဲ့ရင် အာဂျင်တီးနားဟာ အေအိုင်နဲ့ လည်ပတ်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် တရားဝင် ဥပဒေမူဘောင် ရေးဆွဲပေးနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်လာမှာပါ။

Analysis:Argentina's plan for AI-run companies can't avoid humans - CNA

“အလိုအလျောက် လည်ပတ်သည့် ကုမ္ပဏီ” (Automated company) လို့ အမည်ပေးထားတဲ့ ဒီလုပ်ငန်းအမျိုးအစားမှာ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို စီမံတာကအစ စီးပွားရေးဆိုင်ရာ အရေးကြီး ဆုံးဖြတ်ချက်တွေအထိ အေအိုင်ကပဲ ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အေအိုင်ရဲ့ ဆုံးဖြတ်ချက်တွေအတွက် တရားဝင် တာဝန်ယူ၊ တာဝန်ခံပေးရမယ့် လူသား စီမံခန့်ခွဲသူတစ်ဦးတော့ မဖြစ်မနေ ပါဝင်ရမှာ ဖြစ်ပါတယ်။

Have Milei's first six months improved the Argentine economy?

အာဂျင်တီးနားကို အေအိုင် နည်းပညာနယ်ပယ်ရဲ့ ဗဟိုချက်ဖြစ်လာစေပြီး နိုင်ငံတကာက နည်းပညာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ သမ္မတ မီလေ အစိုးရက ရည်ရွယ်ထားတာပါ။

တစ်ဖက်မှာတော့ အေအိုင်ရဲ့ မှားယွင်းမှုတွေကြောင့် ထိခိုက်နစ်နာမှုတွေ ရှိလာရင် အပြည့်အဝ တာဝန်ယူနိုင်ဖို့ လူသားတွေရဲ့ စိစစ်ကြီးကြပ်မှု ပိုမိုလိုတယ်ဆိုပြီး ဝေဖန်သူတွေက ထောက်ပြထားကြပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com