MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Starlink လိုင်းပြတ်တာကြောင့် ပစိဖိတ်သမုဒ္ဒရာထဲမှာ အမေရိကန် ရေတပ် ဒရုန်း  ၂၄ စင်း လမ်းပျောက်ပြီး တိုင်ပတ်ခဲ့ရ
News
news၂၀၂၆ ဧပြီ ၂၃

Starlink လိုင်းပြတ်တာကြောင့် ပစိဖိတ်သမုဒ္ဒရာထဲမှာ အမေရိကန် ရေတပ် ဒရုန်း  ၂၄ စင်း လမ်းပျောက်ပြီး တိုင်ပတ်ခဲ့ရ

<p>အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ကယ်လီဖိုးနီးယားကမ်းလွန်မှာ ခေတ်မီနည်းပညာနဲ့ စမ်းသပ်မောင်းနှင်နေတဲ့ လူမဲ့ရေတပ်ဒရုန်း ၂၄ စင်းဟာ Starlink အင်တာနက်လိုင်း</p>

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ကယ်လီဖိုးနီးယားကမ်းလွန်မှာ ခေတ်မီနည်းပညာနဲ့ စမ်းသပ်မောင်းနှင်နေတဲ့ လူမဲ့ရေတပ်ဒရုန်း ၂၄ စင်းဟာ Starlink အင်တာနက်လိုင်း ရုတ်တရက် ပြတ်တောက်သွားတာကြောင့် ပစိဖိတ်သမုဒ္ဒရာထဲမှာ လမ်းပျောက်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ယောင်လည်လည်နဲ့ မျောပါနေခဲ့ရပါတယ်။

Global Starlink outage tanked US Navy drone boat test

Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဒီစမ်းသပ်မှုအတွင်း အင်တာနက်လိုင်းဟာ တစ်နာရီနီးပါးကြာအောင် ပြတ်တောက်သွားခဲ့တာဖြစ်ပြီး အလိုအလျောက်စနစ်နဲ့ မောင်းနှင်နေတဲ့ အဲဒီရေယာဉ်တွေဟာ ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်ပြီး မျောချင်သလို မျောနေခဲ့တာပါ။

Starlink ဘက်က သူတို့ရဲ့ ဝန်ဆောင်မှုဟာ ၉၉.၉ ရာခိုင်နှုန်းအထိ စိတ်ချရပါတယ်လို့ ကြွားဝါထားပေမဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတုန်းကလည်း ကမ္ဘာတစ်ဝန်းမှာ အကြီးအကျယ် လိုင်းပြတ်တောက်မှု ဖြစ်ခဲ့ပါသေးတယ်။

Starlink Outage Leaves US Naval Drones Adrift: Insights into Satellite Dependence | by James Marinero, MSc, MBA | The Dock on the Bay | Apr, 2026 | Medium

“ယာဉ်အမြောက်အမြားကို တစ်ပြိုင်နက် ချိတ်ဆက်ပြီး ခိုင်းစေတဲ့အခါမှာ Starlink ရဲ့ စွမ်းဆောင်ရည်ဟာ အကန့်အသတ်ရှိနေတာကို ပြလိုက်တာပဲ” လို့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ သူတို့ရဲ့ စစ်ဆင်ရေးတွေမှာ Starlink အပေါ် အလွန်အကျွံ အားကိုးလာနေတာကြောင့် အခုလို လိုင်းခဏခဏပြတ်နေတဲ့ကိစ္စဟာ နောင်တစ်ချိန် စစ်ပွဲတွေအတွင်းမှာ ကြီးမားတဲ့ အန္တရာယ်ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

စိတ်ဝင်စားစရာကောင်းတာက SpaceX ကုမ္ပဏီရဲ့ ၂၀၂၅ ခုနှစ် ဝင်ငွေ ၆၇ ရာခိုင်နှုန်းလောက်ဟာ ဒီ Starlink ဆီကနေပဲ ရနေတာဖြစ်ပေမဲ့ အခုလို အရေးကြီးတဲ့ စမ်းသပ်မှုတွေမှာတော့ အားကိုးလို့မရသေးတာကို တွေ့ရပါတယ်‌။

ref: Fossbytes 

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com