MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI နည်းပညာတွေ လွှမ်းမိုးလာချိန်မှာ ရှေးဟောင်းကွန်ပျူတာ စုဆောင်းတဲ့ လူတွေ ပိုမိုများပြားလာ
News
news၂၀၂၆ ဩဂုတ် ၁၆

AI နည်းပညာတွေ လွှမ်းမိုးလာချိန်မှာ ရှေးဟောင်းကွန်ပျူတာ စုဆောင်းတဲ့ လူတွေ ပိုမိုများပြားလာ

<p>AI နည်းပညာတွေ ကမ္ဘာကြီးကို လွှမ်းမိုးနေတဲ့ ဒီခေတ်ကြီးမှာ တချို့လူတွေကတော့ အတိတ်ကို ပြန်သွားချင်နေကြပါတယ်။ သူတို့ကတော့ ရှေးဟောင်းကွန်ပျူတာတွေကို</p>

AI နည်းပညာတွေ ကမ္ဘာကြီးကို လွှမ်းမိုးနေတဲ့ ဒီခေတ်ကြီးမှာ တချို့လူတွေကတော့ အတိတ်ကို ပြန်သွားချင်နေကြပါတယ်။ သူတို့ကတော့ ရှေးဟောင်းကွန်ပျူတာတွေကို ရူးရူးမူးမူး စုဆောင်းပြုပြင်နေကြတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ Josh Dersch ဆိုရင် သူ့အိမ်မှာ ရှေးဟောင်းစက်ပစ္စည်းပေါင်း ၂၀၀ ကျော်တောင် စုဆောင်းထားပြီး ဒီနေ့ခေတ် စမတ်ဖုန်းတွေရဲ့ အဘိုးအဘွားတွေကို အသက်ပြန်သွင်းရတာကို အရသာတွေ့နေသူပါ။

Apple Macintosh

ဒီလို ခေတ်ဟောင်းကို တမ်းတတဲ့ ရေစီးကြောင်းက ဆီလီကွန်တောင်ကြားမှာပါ ပဲ့တင်ထပ်နေပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ Vintage Computer Festival ကို လူပေါင်း ၃၅၀၀ ကျော် လာရောက်ခဲ့ကြပြီး Apple ရဲ့ အနှစ် ၅၀ ပြည့် မွေးနေ့ကိုပါ ခမ်းခမ်းနားနား ကျင်းပခဲ့ကြပါတယ်။ အခုဆိုရင် အဲဒီလို ပွဲမျိုးတွေကို အမေရိကတိုက်နဲ့ ဥရောပ နိုင်ငံတွေအထိတောင် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာကြပါပြီ။

Vintage Computer Festival

ပွဲလာပရိသတ်တွေအတွက် အကြိုက်တွေ့စရာ အကောင်းဆုံးကတော့ ခေတ်သစ်ကွန်ပျူတာတွေရဲ့ ဖခင်ကြီးလို့ တင်စားကြတဲ့ Xerox Alto လို သမိုင်းဝင် စက်ယန္တရားကြီးတွေ အလုပ်လုပ်နေတာကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ ပွဲစီစဉ်သူတွေဖြစ်တဲ့ Erik Klein နဲ့ Sellam Ismail တို့ကတော့ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ဒစ်ဂျစ်တယ် တော်လှန်ရေးရဲ့ သမိုင်းကြောင်းကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ဖြစ်ပြီး ဒီလို ရှေးဟောင်းနည်းပညာကို မြတ်နိုးတဲ့ အသိုက်အဝန်းဟာ နောင်လာမယ့် နှစ်တွေမှာလည်း ပိုမို ကြီးထွားလာဦးမယ်လို့ ယုံကြည်နေကြပါတယ်။

Ref : Nypost

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com