MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
စံချိန်တင် အပူဒဏ်ခံနေရတဲ့ ဂျပန်မှာ လူသားရေခဲသေတ္တာကို မိတ်ဆက်
News
news၂၀၂၆ ဇူလိုင် ၂၂

စံချိန်တင် အပူဒဏ်ခံနေရတဲ့ ဂျပန်မှာ လူသားရေခဲသေတ္တာကို မိတ်ဆက်

<p>စံချိန်တင် စူပါအပူလှိုင်းဒဏ်ကို ဆက်လက်ကြုံတွေ့နေရတဲ့ ဂျပန်နိုင်ငံမှာ အလုပ်သမားတွေကို အပူလွန်ကဲမှုကြောင့် ဖြစ်ပွားတဲ့ ရောဂါတွေရန်ကနေ ကာကွယ်ပေးနိုင်ဖို့ “လူသားရေခဲသေတ္တာ”</p>

စံချိန်တင် စူပါအပူလှိုင်းဒဏ်ကို ဆက်လက်ကြုံတွေ့နေရတဲ့ ဂျပန်နိုင်ငံမှာ အလုပ်သမားတွေကို အပူလွန်ကဲမှုကြောင့် ဖြစ်ပွားတဲ့ ရောဂါတွေရန်ကနေ ကာကွယ်ပေးနိုင်ဖို့ “လူသားရေခဲသေတ္တာ” (Human Refrigerator) လို့ အမည်ပြောင်ပေးထားတဲ့ အအေးပေးစက်ခန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။

‘Do Hiemon Box' လို့ ခေါ်တဲ့ အဲဒီ အအေးပေးစက်ခန်းကို လူတစ်ဦးစာ သီးသန့် အသုံးပြုနိုင်အောင် ဖန်တီးထားတာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ စက်ရုံတွေ၊ ကုန်လှောင်ရုံတွေနဲ့ အပူချိန်မြင့်မားတဲ့ တခြား လုပ်ငန်းခွင်တွေမှာ အသုံးပြုဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

SDRS က တီထွင်ပြီး TRUSCO Nakayama က ဖြန့်ချိတဲ့ အဲဒီ စနစ်ဟာ အခန်းတွင်း အပူချိန်ကို ၁၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိ လျှော့ချပေးထားပြီး အသုံးပြုသူရဲ့ ဦးခေါင်း၊ လည်ပင်း၊ ပုခုံးနဲ့ ကျောကုန်းဆီကို ၅ ဒီဂရီစင်တီဂရိတ် ရှိတဲ့ အေးမြတဲ့ လေအေးတွေကို တိုက်ရိုက်မှုတ်ထုတ်ပေးတာ ဖြစ်ပါတယ်။

ထုတ်လုပ်သူတွေရဲ့ ပြောကြားချက်အရ အသုံးပြုသူတွေအနေနဲ့ မိနစ်ပိုင်းအတွင်း အေးမြသွားနိုင်ပြီး ၁၀ မိနစ်ခန့် ဝင်ရောက်အနားယူရုံနဲ့ အပူဒဏ်ကြောင့် မူးမေ့လဲကျတာတွေကို ကာကွယ်ပေးနိုင်မယ်လို့ ဆိုပါတယ်။

Japan built a 'human refrigerator' that cools your body in just 5 minutes, and it could transform how workers beat extreme heat | - The Times of India

အိတ်ဆောင် ပန်ကာတွေ ဒါမှမဟုတ် အအေးပေး အင်္ကျီတွေနဲ့ မတူဘဲ အဲဒီ အအေးပေးစက်ခန်းဟာ လုံးဝပိတ်လှောင်ထားတဲ့ စီးပွားရေးသုံး အခန်းငယ်ဖြစ်တာကြောင့် အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ဆီ မပြန်မီ ကိုယ်အပူချိန်ကို လျှင်မြန်စွာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ နွေရာသီ အပူဒဏ်က ပိုမို ပြင်းထန်လာတာကြောင့် ကုမ္ပဏီတွေအနေနဲ့ ပြင်ပလုပ်ငန်းခွင်နဲ့ စက်ရုံအလုပ်သမားတွေကို ကာကွယ်ပေးဖို့ နည်းပညာသစ်တွေကို အခုလို အသုံးပြုလာကြတာ ဖြစ်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com