MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
မိုင်ပေါင်းများစွာ အကွာကနေ သားဖြစ်သူက Tesla ကားကို ထိန်းချုပ်ပြီး ဖခင်ဖြစ်သူရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့
News
news၂၀၂၆ ဇွန် ၂၉

မိုင်ပေါင်းများစွာ အကွာကနေ သားဖြစ်သူက Tesla ကားကို ထိန်းချုပ်ပြီး ဖခင်ဖြစ်သူရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့

<p>မနက်အစောကြီး ၄ နာရီဝန်းကျင်ရဲ့ မှောင်မိုက်တိတ်ဆိတ်နေတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ အမျိုးသားတစ်ဦးဟာ ကားမောင်းနေရင်း ပြင်းထန်တဲ့ နှလုံးရုတ်တရက်ရပ်ဆိုင်းမှု (Heart</p>

မနက်အစောကြီး ၄ နာရီဝန်းကျင်ရဲ့ မှောင်မိုက်တိတ်ဆိတ်နေတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ အမျိုးသားတစ်ဦးဟာ ကားမောင်းနေရင်း ပြင်းထန်တဲ့ နှလုံးရုတ်တရက်ရပ်ဆိုင်းမှု (Heart Attack) ဝေဒနာကို တစ်ယောက်တည်း ရုတ်တရက် ခံစားလိုက်ရပါတယ်။ အနီးအနားမှာ ကူညီမယ့်သူ လုံးဝမရှိဘဲ အသက်အန္တရာယ်နဲ့ စက္ကန့်ပိုင်းအလိုတင် လုနေရတဲ့ ဒီအခြေအနေဟာ သေချာပေါက် အသက်ဆုံးရှုံးရတော့မယ့် အနေအထား ဖြစ်ခဲ့ပါတယ်။

Tesla Roadster: What We Know So Far

ဒါပေမဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့နေရာမှာ ရှိနေတဲ့ သားဖြစ်သူက ဖခင်ဖြစ်သူရဲ့ အရေးပေါ်အခြေအနေကို အချိန်ကိုက် သိရှိသွားခဲ့ပါတယ်။ အဲ့ဒီနောက် သူဟာ တန်ဖိုးရှိတဲ့ စက္ကန့်ပိုင်းတွေကို အပုပ်မခံဘဲ Tesla ရဲ့ အဝေးထိန်းစနစ် နည်းပညာကို အသုံးပြုပြီး ဖခင်ဖြစ်သူရဲ့ ကားတည်နေရာကို အမြန်ဆုံး ရှာဖွေကာ ဆေးရုံဆီကို ဦးတည်မောင်းနှင်ဖို့ အဝေးကနေ ချက်ချင်း လှမ်းယူထိန်းချုပ် လမ်းညွှန်ပေးခဲ့ပါတယ်။ အဲဒီနည်းပညာကြောင့် ဖခင်ဖြစ်သူဟာ အသက်ဘေးက လွတ်မြောက်သွားခဲ့ပါတယ်။

Tesla's cheaper EVs might revive sales but squeeze profit | Reuters

ဒီဖြစ်ရပ်ဟာ ရိုးရိုးအရေးပေါ်အခြေအနေတစ်ခုထက်မကဘဲ စက္ကန့်တိုင်းက တန်ဖိုးရှိနေတဲ့အချိန်မှာ လူသားတို့ရဲ့ အမြန်ဆုံး ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းနဲ့ ခေတ်မီနည်းပညာတို့ ပေါင်းစပ်သွားရင် ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။

Ref : FamousPulse

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com