MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ်ရဲ့ ထိပ်တန်း AI မော်ဒယ်တွေကို တခြားနိုင်ငံတွေ မသုံးနိုင်အောင် တရုတ် အစိုးရ စီစဉ်နေ
News
news၂၀၂၆ ဇူလိုင် ၁၃

တရုတ်ရဲ့ ထိပ်တန်း AI မော်ဒယ်တွေကို တခြားနိုင်ငံတွေ မသုံးနိုင်အောင် တရုတ် အစိုးရ စီစဉ်နေ

<p>တရုတ်အာဏာပိုင်တွေဟာ Alibaba နဲ့ ByteDance အပါအဝင် ထိပ်သီးနည်းပညာကုမ္ပဏီတွေနဲ့ တွေ့ဆုံပြီး နိုင်ငံအတွင်း ထုတ်လုပ်ထားတဲ့ အဆင့်မြင့်</p>

တရုတ်အာဏာပိုင်တွေဟာ Alibaba နဲ့ ByteDance အပါအဝင် ထိပ်သီးနည်းပညာကုမ္ပဏီတွေနဲ့ တွေ့ဆုံပြီး နိုင်ငံအတွင်း ထုတ်လုပ်ထားတဲ့ အဆင့်မြင့် AI မော်ဒယ်တွေကို ပြည်ပက အသုံးပြုခွင့် ကန့်သတ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

AI နည်းပညာကို အမျိုးသားလုံခြုံရေးဆိုင်ရာ အရေးပါတဲ့ အရာတစ်ခုအဖြစ် သတ်မှတ်လာတာကြောင့် အဆင့်မြင့် AI မော်ဒယ်တွေ ပြည်ပကို ပေါက်ကြားတာ ဒါမှမဟုတ် ခိုးယူခံရတာတွေကို တားဆီးနိုင်ဖို့ အမျိုးသားလုံခြုံရေးဥပဒေအောက်ကနေ ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့အထိ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

Beijing looking at curbing foreign access to China's top AI models

အမေရိကန်ဘက်ကလည်း Anthropic ရဲ့ အဆင့်မြင့် AI မော်ဒယ်တွေကို ပြည်ပနိုင်ငံတွေ သုံးစွဲခွင့် တားမြစ်တာတွေ ပြုလုပ်ခဲ့သလို တရုတ်နဲ့ ရုရှားတို့ရဲ့ စစ်ရေးဆိုင်ရာ အသုံးပြုမှုကို စိုးရိမ်နေတာ ဖြစ်ပါတယ်။

တရုတ်အာဏာပိုင်တွေဘက်ကလည်း အမေရိကန်ရဲ့ Mythos AI မော်ဒယ်ဟာ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်လာနိုင်တာကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေပြီး ကိုယ်ပိုင် AI စနစ်တွေကို ပိုမိုကာကွယ်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

Beijing is looking at curbing overseas access to China's top AI models, sources say - BusinessWorld Online

လက်ရှိမှာတော့ AI နည်းပညာ ပေါက်ကြားမှုကို ကာကွယ်ဖို့အတွက် နည်းပညာအဆင့်အလိုက် ထိန်းချုပ်မယ့် စနစ်တစ်ရပ်ကို အဆိုပြုထားကြပါတယ်။

ရိုးရှင်းတဲ့ Open-source မော်ဒယ်တွေကို သာမန်မှတ်ပုံတင်ရုံနဲ့ ခွင့်ပြုမှာဖြစ်ပြီး အဆင့်မြင့် နည်းပညာတွေကိုတော့ လုံခြုံရေးစိစစ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်သလို အာရုံစိုက်ရမယ့် အဆန်းသစ်ဆုံး မော်ဒယ်တွေကိုတော့ ပြည်တွင်းမှာပဲ သီးသန့်အသုံးပြုခွင့်ပေးဖို့ သို့မဟုတ် အများပြည်သူသုံးအဖြစ် ထုတ်လုပ်ခွင့် ပိတ်ပင်သွားဖို့ စီစဉ်နေပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com