MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
BMW ရဲ့ ကားစက်ရုံမှာ လူတူစက်ရုပ်တွေ အလုပ်လုပ်ပြီ
News
news၂၀၂၆ ဇွန် ၂၉

BMW ရဲ့ ကားစက်ရုံမှာ လူတူစက်ရုပ်တွေ အလုပ်လုပ်ပြီ

<p>BMW ရဲ့ ကားထုတ်လုပ်ရေးစက်ရုံတွေဟာ ခေတ်ရှေ့ပြေးနေပြီ ဖြစ်ပြီး အမေရိကန်နိုင်ငံ စပါတန်ဘာ့ဂ်စက်ရုံမှာ မျိုးဆက်သစ် Figure 03</p>

BMW ရဲ့ ကားထုတ်လုပ်ရေးစက်ရုံတွေဟာ ခေတ်ရှေ့ပြေးနေပြီ ဖြစ်ပြီး အမေရိကန်နိုင်ငံ စပါတန်ဘာ့ဂ်စက်ရုံမှာ မျိုးဆက်သစ် Figure 03 လူတူစက်ရုပ် ကို အသုံးပြုလိုက်ပါပြီ။ အရင်က ခြေလှမ်းစတင်ခဲ့တဲ့ Figure 02 ရဲ့ အောင်မြင်မှုအပြီးမှာ အခု Figure 03 ကတော့ ပိုမိုပါးနပ်ပြီး ရှုပ်ထွေးလှတဲ့ ထုတ်လုပ်ရေးထောက်ပံ့ပို့ဆောင်ရေး (Logistics) လုပ်ငန်းခွင်ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ သူဟာ အစီအစဉ်မရှိ ရောနှောနေတဲ့ ကားအစိတ်အပိုင်းတွေကို တစ်ခုချင်း လိုက်လံခွဲခြားပေးရုံတင်မကဘဲ တပ်ဆင်ရေးအလုပ်ရုံတွေဆီ မောင်းသူမဲ့သယ်ယူပို့ဆောင်ရေးစနစ်နဲ့ အချိန်ကိုက်ပေးပို့နိုင်ဖို့အတွက်ပါ စနစ်တကျ စီစဉ်ပေးနေတာပဲ ဖြစ်ပါတယ်။

BMW Figure 03 Humanoid Robot Joins Spartanburg Plant

ဒီထူးခြားတဲ့ စက်ရုပ်တွေရဲ့ အလုပ်လုပ်ဆောင်မှုကြောင့် BMW ရဲ့ နာမည်ကြီး “just-in-sequence” ကုန်ထုတ်လုပ်မှုစနစ်ဟာ ပိုပြီးတော့ မြန်ဆန်တိကျလာပါတယ်။ လူသားအလုပ်သမားတွေအနေနဲ့လည်း မှန်ကန်တဲ့ အစိတ်အပိုင်းတွေကို စက္ကန့်မလပ် အချိန်ကိုက်ရရှိမှာဖြစ်လို့ ထပ်ခါတလဲလဲလုပ်ရတဲ့ ပင်ပန်းလွန်းတဲ့ လက်လုပ်ငန်းတွေကနေ သက်သာရာရသွားစေမှာ ဖြစ်ပါတယ်။

BMW Group advances the use of Physical AI in production with Figure 03  project in Spartanburg

ဒါ့အပြင် Figure 03 ရဲ့ အဆင့်မြှင့်တင်ထားတဲ့ နည်းပညာတွေက တကယ့်ကို အံ့ဩစရာကောင်းလှပါတယ်။ လုပ်ငန်းခွင်ထဲက လူသားတွေနဲ့ အတူအလုပ်လုပ်တဲ့အခါ ဘေးအန္တရာယ်ကင်းဖို့အတွက် ခန္ဓာကိုယ်အပြင်ဘက်ကို ပျော့ပျောင်းတဲ့အလွှာနဲ့ ဖုံးအုပ်ပေးထားသလို ကြိုးမဲ့အားသွင်းစနစ်နဲ့ အသံနဲ့တိုက်ရိုက် စကားပြောဆက်သွယ်နိုင်တဲ့ စနစ်တွေပါ ပါဝင်လာပါတယ်။ အထူးသဖြင့် ကားအစိတ်အပိုင်းတွေကို အမှားအယွင်းမရှိ ကိုင်တွယ်နိုင်ဖို့အတွက် အထိအတွေ့အာရုံခံစနစ်တွေနဲ့ လက်ဖဝါးထဲမှာတင် ကင်မရာတွေ မြှုပ်နှံတပ်ဆင်ထားတဲ့ စက်ရုပ်လက်ချောင်းတွေကို သုံးထားတာပဲ ဖြစ်ပါတယ်။ BMW ကတော့ အဆင့်မြင့် AI နဲ့ စက်ရုပ်နည်းပညာကို ပေါင်းစပ်ပြီး   သူတို့ရဲ့ စက်ရုံကွန်ရက်တစ်ခုလုံးမှာပါ ဆက်လက်တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com