MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဗြိတိန်မှာ အသက် ၁၆ နှစ်အောက် ကလေးတွေ လူမှုကွန်ရက်သုံးစွဲမှု ပိတ်ပင်မည်
News
news၂၀၂၆ ဇွန် ၁၆

ဗြိတိန်မှာ အသက် ၁၆ နှစ်အောက် ကလေးတွေ လူမှုကွန်ရက်သုံးစွဲမှု ပိတ်ပင်မည်

<p>ဗြိတိန်နိုင်ငံမှာ အသက် ၁၆ နှစ်အောက် ကလေးတွေ လူမှုကွန်ရက် (Social Media) အသုံးပြုတာကို လုံးဝပိတ်ပင်သွားမှာ</p>

ဗြိတိန်နိုင်ငံမှာ အသက် ၁၆ နှစ်အောက် ကလေးတွေ လူမှုကွန်ရက် (Social Media) အသုံးပြုတာကို လုံးဝပိတ်ပင်သွားမှာ ဖြစ်သလို ဂိမ်းကစားတာနဲ့ Live လွှင့်တဲ့ ပလက်ဖောင်းတွေပေါ်မှာလည်း ကန့်သတ်ချက်တွေ ချမှတ်သွားမယ်လို့ ဝန်ကြီးချုပ် ကီယာ စတာမာက ကြေညာလိုက်ပါတယ်။

Snapchat၊ TikTok၊ YouTube၊ Instagram၊ Facebook နဲ့ X စတဲ့ လူမှုကွန်ရက်တွေ ပါဝင်မှာ ဖြစ်ပြီး WhatsApp လိုမျိုး မက်ဆေ့ခ်ျပေးပို့တဲ့ ဝန်ဆောင်မှုတွေတော့ ပါဝင်မှာ မဟုတ်ပါဘူး။

ကလေးတွေကို အွန်လိုင်းပေါ်က အန္တရာယ်တွေကနေ ကာကွယ်ပေးဖို့နဲ့ သူတို့ရဲ့ ကလေးဘဝကို ပြန်လည်ရရှိစေဖို့အတွက် အခုလို ပြတ်ပြတ်သားသား ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

Britain announces sweeping social media ban for under-16s

အခုလို ပိတ်ပင်ကန့်သတ်တဲ့နေရာမှာ ကလေးတွေကို အရေးယူတာမျိုး မဟုတ်ဘဲ လူမှုကွန်ရက် ကုမ္ပဏီတွေကိုသာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဗြိတိန်အစိုးရဟာ အသက် ၁၆ နှစ်ပြည့်ပြီးကြောင်း စစ်ဆေးအတည်ပြုနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေကို ရှာဖွေဖို့အတွက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ ဖြစ်တဲ့ Ofcom ကို အမြန်ဆုံး လေ့လာဆန်းစစ်ခိုင်းထားပါတယ်။

ဒါ့အပြင် အသက် ၁၈ နှစ်အောက် ကလေးတွေအတွက် ညဘက် လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်တဲ့ စနစ်နဲ့ ဖုန်းစခရင်ကို အဆုံးမရှိ အောက်ဘက် ဆွဲကြည့်လို့ရတဲ့ (Infinite Scrolling) စနစ်တွေကို ဖြတ်တောက်ဖို့ ကိစ္စရပ်တွေကိုလည်း အသေးစိတ် ထပ်မံလေ့လာသွားမှာ ဖြစ်ပါတယ်။

Britain has unveiled one of world's toughest social media bans for kids. Here's what to know | CNN Business

ဗြိတိန်အစိုးရဟာ အခုနှစ် ခရစ္စမတ်မတိုင်ခင်မှာ သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းတွေကို အတည်ပြုပြဋ္ဌာန်းသွားမှာ ဖြစ်ပြီး ၂၀၂၇ ခုနှစ် အစောပိုင်းမှာတော့ ဒီပိတ်ပင်မှုကို စတင် သက်ရောက်စေဖို့ ရည်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အလားတူ ပိတ်ပင်မှုကို ပထမဆုံး စတင်လုပ်ဆောင်ခဲ့တဲ့ ဩစတြေးလျနိုင်ငံရဲ့ စံပြပုံစံကို ယူပြီး ဗြိတိန်က အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။

မိဘအများစုက ဒီလုပ်ဆောင်ချက်ကို ထောက်ခံကြပေမယ့်လည်း အချို့သော စိတ်ပညာရှင်တွေနဲ့ သုတေသီတွေကတော့ ဒီစနစ်က တကယ် ထိရောက်မှု ရှိ၊ မရှိဆိုတာအပေါ် သံသယရှိနေကြပါတယ်။

Ref: Channel News Asia

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com