MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
KFC စားရင်း ၉ မိနစ်အတွင်း EV အားအပြည့်သွင်းနိုင်မယ့် BYD ရဲ့ ဝန်ဆောင်မှု
News
news၂၀၂၆ ဧပြီ ၁၂

KFC စားရင်း ၉ မိနစ်အတွင်း EV အားအပြည့်သွင်းနိုင်မယ့် BYD ရဲ့ ဝန်ဆောင်မှု

<p>BYD ကုမ္ပဏီဟာ တရုတ်နိုင်ငံမှာရှိတဲ့ KFC နဲ့ လက်တွဲပြီး EV ကားမောင်းသူတွေအတွက် အချိန်ကုန်သက်သာစေမယ့် Drive-thru</p>

BYD ကုမ္ပဏီဟာ တရုတ်နိုင်ငံမှာရှိတဲ့ KFC နဲ့ လက်တွဲပြီး EV ကားမောင်းသူတွေအတွက် အချိန်ကုန်သက်သာစေမယ့် Drive-thru ဝန်ဆောင်မှုအသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ကားမောင်းသူတွေအနေနဲ့ KFC မှာ ကြက်ကျော်မှာယူနေတဲ့ ၉ မိနစ်အတွင်းမှာတင် ကားကိုပါ အားအပြည့်သွင်းနိုင်တော့မှာပါ။

ဒီဝန်ဆောင်မှုကို BYD ရဲ့ Fang Cheng Bao Tai 7 SUV ကားအမျိုးအစားမှာ စတင်အသုံးပြုနိုင်ပြီး ကားထဲကနေတင် အစားအစာတွေကို အလွယ်တကူ မှာယူနိုင်မှာ ဖြစ်ပါတယ်။

ဒီလောက်အထိ မြန်မြန်ဆန်ဆန် အားသွင်းနိုင်တာဟာ BYD ရဲ့ နောက်ဆုံးပေါ် Blade Battery 2.0 နဲ့ Flash Charging နည်းပညာကြောင့်ပဲ ဖြစ်ပါတယ်။ ကားဘက်ထရီအား ၁၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိရောက်ဖို့ ၅ မိနစ်ပဲ ကြာမှာဖြစ်ပြီး ၉ မိနစ်ဆိုရင်တော့ ၉၇ ရာခိုင်နှုန်းအထိ အားပြည့်သွားမှာပါ။ အားသွင်းနှုန်းဟာ ၁,၅၀၀ kW အထိ ရှိတာကြောင့် ခဏလေးနားပြီး ကြက်ကျော်စားနေတဲ့ အချိန်အတွင်းမှာတင် ခရီးဆက်ဖို့ အားအသင့်ဖြစ်နေမှာပါ။

BYD teams up with fast food giant to offer 9 minute EV charging

ဒီအစီအစဉ်ကို တရုတ်နိုင်ငံမှာ စတင်စမ်းသပ်နေပြီဖြစ်ပြီး BYD အနေနဲ့ တစ်ကမ္ဘာလုံးက အဓိကဈေးကွက်တွေမှာ အားအမြန်သွင်းစခန်းတွေ ထပ်တိုးတပ်ဆင်ပြီးတာနဲ့ ဒီဝန်ဆောင်မှုကို တိုးချဲ့သွားဖို့ ရှိပါတယ်။ အခုဆိုရင် EV ကားပိုင်ရှင်တွေအတွက် အားသွင်းရမှာကို စောင့်ရတဲ့ ဒုက္ခကနေ ကင်းဝေးသွားပြီး ကြက်ကြော်လည်းစားရင်း ကားကိုလည်း အားသွင်းရင်းနဲ့ ပိုပြီးအဆင်ပြေလာတော့မှာ ဖြစ်ပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com