MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
သူခိုးတွေရဲ့ ပစ်မှတ် ဖြစ်လာတဲ့ AI ဒေတာစင်တာသုံး ပစ္စည်းနဲ့ ကြေးနီများ
News
news၂၀၂၆ ဇူလိုင် ၉

သူခိုးတွေရဲ့ ပစ်မှတ် ဖြစ်လာတဲ့ AI ဒေတာစင်တာသုံး ပစ္စည်းနဲ့ ကြေးနီများ

<p>အေအိုင်နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ မြင့်တက်လာတာနဲ့အမျှ ဒေတာစင်တာတွေ တည်ဆောက်ရာမှာ သုံးတဲ့ ကြေးနီနဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို</p>

အေအိုင်နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ မြင့်တက်လာတာနဲ့အမျှ ဒေတာစင်တာတွေ တည်ဆောက်ရာမှာ သုံးတဲ့ ကြေးနီနဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို သူခိုးတွေက ပစ်မှတ်ထား ခိုးယူတာတွေ ပိုများလာပါတယ်။

လတ်တလောမှာပဲ အီလီနွိုင်းပြည်နယ် အာဏာပိုင်တွေဟာ ချီကာဂိုမြို့အနီး ကုန်ကားကွင်းတစ်ခုမှာ ဒေါ်လာ ၁.၃ သန်းတန်ဖိုးရှိ ဒေတာစင်တာသုံး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ခိုးယူခံရတဲ့ တွဲကား ၂ စီးကို ပြန်လည်သိမ်းဆည်းရမိခဲ့ပါတယ်။

Next-Generation Data Centers: Everything You Need To Know

အဲဒီတွဲကားတွေထဲမှာ အာလာဘားမားပြည်နယ်ကနေ ခိုးယူလာတဲ့ ဒေါ်လာ ၃၀၀,၀၀၀ တန်ဖိုးရှိ ကြေးနီကြိုးတွေနဲ့ ဖလော်ရီဒါပြည်နယ်ကနေ ခိုးယူလာတဲ့ ဒေါ်လာ ၁ သန်းတန်ဖိုးရှိ ဒေတာစင်တာသုံး ပစ္စည်းတွေ ပါဝင်ပါတယ်။

ဒါဟာ အမေရိကန်တစ်ဝှမ်းမှာ အေအိုင်ဒေတာစင်တာတွေ ပိုမိုဆောက်လုပ်လာတာနဲ့အမျှ ရာဇဝတ်သားတွေက တန်ဖိုးကြီး နည်းပညာ ပစ္စည်းတွေကို ပစ်မှတ်ထားလာကြတဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။

Big Tech's data center boom poses new risk to US grid operators | Reuters

အထူးသဖြင့် ကြေးနီကြိုးတွေ၊ ဆာဗာတွေနဲ့ လျှပ်စစ်ပစ္စည်းတွေဟာ သူခိုးတွေရဲ့ ပစ်မှတ်တွေ ဖြစ်လာနေပါတယ်။ ကုန်စည်ခိုးယူမှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေမှာ နှစ်စဉ် ဒေါ်လာ ဘီလီယံ ၃၅ အထိ ဆုံးရှုံးနေရတယ်လို့ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက ပြောကြားထားပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ သူခိုးအုပ်စုတွေဟာ နည်းပညာနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ သယ်ယူပို့ဆောင်ရေးတွေကို ပိုမို အာရုံစိုက်လာကြတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com