MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Caviar က သိန်း ၅၀၀ ကျော်တန်ကြေးရှိပြီး  ၂၄ ကာရက်ရွှေ အသုံးပြုထားတဲ့ Galaxy Z Fold 8 စီးရီးကို မိတ်ဆက်
News
news၂၀၂၆ ဩဂုတ် ၂

Caviar က သိန်း ၅၀၀ ကျော်တန်ကြေးရှိပြီး  ၂၄ ကာရက်ရွှေ အသုံးပြုထားတဲ့ Galaxy Z Fold 8 စီးရီးကို မိတ်ဆက်

<p>တန်ဖိုးကြီး စမတ်ဖုန်းတွေ ဖန်တီးတဲ့ Caviar က ထင်ရှားတဲ့ ရုပ်ရှင်ဇာတ်ကောင်တွေဖြစ်တဲ့ Scarface၊ The Godfather</p>

တန်ဖိုးကြီး စမတ်ဖုန်းတွေ ဖန်တီးတဲ့ Caviar က ထင်ရှားတဲ့ ရုပ်ရှင်ဇာတ်ကောင်တွေဖြစ်တဲ့ Scarface၊ The Godfather နဲ့ Joker တို့ကို အခြေခံထုတ်လုပ်ထားတဲ့ Samsung Galaxy Z Fold 8 Galaxy Z Fold 8 Ultra  အထူးထုတ်တွေကို မိတ်ဆက်လိုက်ပါတယ်။ Legends collection လို့ အမည်ပေးထားတဲ့ အဲဒီဖုန်းတွေမှာ တန်ဖိုးကြီးသတ္တုတွေ အသုံးပြုထားပြီး ဈေးနှုန်းလည်း မြင့်မားပါတယ်။ ဖုန်းမော်ဒယ်တစ်လုံးကို ၁၉ လုံးသာ ကန့်သတ်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Samsung Galaxy Z Fold 8 Collection

ဖုန်းတွေရဲ့ ကျောဘက်ကို ရိုးရာကြွေရည်သုတ်ပညာရပ်နဲ့ အလှဆင်ထားပြီး ဘေးဘောင်တွေနဲ့ ကင်မရာအုံကို ၂၄ ကာရက်ရွှေနဲ့ ကွပ်ပေးထားပါတယ်။ Galaxy Z Fold 8 ကို အခြေခံထားတဲ့ Scarface နဲ့ The Godfather မော်ဒယ်တွေမှာ Tony Montana နဲ့ Don Vito Corleone တို့ရဲ့ ပုံတွေ ပါဝင်ပါတယ်။ အဲဒီမော်ဒယ်တွေရဲ့ အနိမ့်ဆုံး 256GB ဗားရှင်း ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁၂,၅၆၀ ကနေ စတင်ပါတယ်။

Samsung Galaxy Z Fold 8 Collection

ပိုမိုကြီးမားတဲ့ Galaxy Z Fold 8 Ultra ကို အခြေခံထားတဲ့ တတိယမြောက် Joker မော်ဒယ်မှာတော့ ခရမ်း၊ အစိမ်းနဲ့ ဘာဂန်ဒီအရောင်တွေ အသုံးပြုထားပြီး ကတ်ပြားတွေ ကိုင်ထားတဲ့ Joker ပုံ ပါဝင်ပါတယ်။ အဲဒီမော်ဒယ်ရဲ့ ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁၂,၉၉၀ ကနေ စတင်ပါတယ်။ ဖုန်းအားလုံးကို အထူးထုပ်ပိုးမှုနဲ့အတူ ၂၄ ကာရက်ရွှေရည်စိမ်ထားတဲ့ သော့တံတစ်ခု ပါဝင်မှာဖြစ်ပြီး လက်ရှိမှာ အော်ဒါတင်နိုင်ပြီ ဖြစ်ပါတယ်။

Samsung Galaxy Z Fold 8 Collection

Ref : Gizmochina

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com