MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
မထွက်သေးတဲ့ Apple ရဲ့ ခေါက်ဖုန်း iPhone Ultra ကို သိန်း ၆၀၀ ကျော် နဲ့ Caviar ရောင်းချ
News
news၂၀၂၆ ဇူလိုင် ၄

မထွက်သေးတဲ့ Apple ရဲ့ ခေါက်ဖုန်း iPhone Ultra ကို သိန်း ၆၀၀ ကျော် နဲ့ Caviar ရောင်းချ

<p>Apple က ခေါက်ဖုန်း ထုတ်လုပ်ဖို့ တရားဝင် အတည်မပြုရသေးပေမယ့် ဇိမ်ခံပစ္စည်း မွမ်းမံပြင်ဆင်တဲ့ Caviar ကုမ္ပဏီကတော့</p>

Apple က ခေါက်ဖုန်း ထုတ်လုပ်ဖို့ တရားဝင် အတည်မပြုရသေးပေမယ့် ဇိမ်ခံပစ္စည်း မွမ်းမံပြင်ဆင်တဲ့ Caviar ကုမ္ပဏီကတော့ Apple ရဲ့ ခေါက်ဖုန်းအတွက် Flagship collection အသစ်ကို ကြိုတင်ပြင်ဆင် ကြေညာလိုက်ပါတယ်။ (အဲဒီဖုန်းကို စက်တင်ဘာလမှာ ကြေညာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။)

ဒီဇိုင်း မော်ဒယ် ၄ မျိုး ပါဝင်ပြီး မော်ဒယ်တစ်ခုစီကို အစုံရေ ၁၉ စုံစီပဲ ကန့်သတ်ထုတ်လုပ်သွားမှာ ဖြစ်ပြီး ဗားရှင်းအားလုံးရဲ့ အနောက်ဘက် panel မှာ သုံးဖက်မြင် (3D) Apple logo အလှဆင်ပါဝင်မှာ ဖြစ်ပါတယ်။

Caviar iPhone Ultra Collection

စျေးနှုန်းအသက်သာဆုံး Titan မော်ဒယ်ကို အမေရိကန်ဒေါ်လာ ၁၃,၈၄၀ နဲ့ စျေးနှုန်းသတ်မှတ်ထားပြီး titanium ကိုယ်ထည်နဲ့ မိကျောင်းသားရေ ပေါင်းစပ်ထားပါတယ်။

စပျစ်ဝိုင်ခရမ်းရောင် မိကျောင်းသားရေနဲ့ ရွှေအလှဆင်ထားတဲ့ Dark Cherry မော်ဒယ်ကတော့ ဒေါ်လာ ၁၄,၂၇၀ ရှိပြီး ငွေစင်နဲ့ ပြုလုပ်ထားတဲ့ Silver မော်ဒယ်ကတော့ ဒေါ်လာ ၁၅,၂၇၀ ကျသင့်မှာ ဖြစ်ပါတယ်။

စျေးအကြီးဆုံးကတော့ ကာဗွန်ဖိုင်ဘာပေါ်မှာ ရွှေမျှင်တွေနဲ့ ရက်လုပ်ထားပြီး ၁၈ ကာရက် ရွှေစင် logo ပါဝင်တဲ့ Gold မော်ဒယ်ဖြစ်ပြီး ဒေါ်လာ ၁၅,၅၆၀ စျေးရှိပါတယ်။ မြန်မာငွေနဲ့တွက်ရင် ဒေါ်လာ ၁၅,၀၀၀ ဟာ သိန်း ၆၀၀ ကျော် တန်ကြေးရှိပါတယ်။

About collection : The flagship : Collections : CAVIAR - Luxury iPhones and Cases

လက်ရှိမှာတော့ Caviar ရဲ့ ဝက်ဘ်ဆိုက်မှာ Apple ရဲ့ ခေါက်ဖုန်း collection အတွက် စုံစမ်းမေးမြန်းမှုတွေကို လက်ခံနေပါတယ်။

Ref: gizmochina

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com