MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ChatGPT သုံးသူ သန်း ၁,၀၀၀ ကျော်လာပြီ
News
news၂၀၂၆ ဇွန် ၁၃

ChatGPT သုံးသူ သန်း ၁,၀၀၀ ကျော်လာပြီ

<p>ကမ္ဘာတစ်ဝှမ်းမှာ ဉာဏ်ရည်တု (AI) နည်းပညာအပေါ် စိုးရိမ်ပူပန်မှုတွေနဲ့ ဝေဖန်ကန့်ကွက်မှုတွေ တိုးပွားနေပေမယ့်လည်း AI အသုံးပြုမှုနှုန်းကတော့ စံချိန်တင်</p>

ကမ္ဘာတစ်ဝှမ်းမှာ ဉာဏ်ရည်တု (AI) နည်းပညာအပေါ် စိုးရိမ်ပူပန်မှုတွေနဲ့ ဝေဖန်ကန့်ကွက်မှုတွေ တိုးပွားနေပေမယ့်လည်း AI အသုံးပြုမှုနှုန်းကတော့ စံချိန်တင် မြင့်တက်နေပါတယ်။

စျေးကွက်သုတေသနကုမ္ပဏီ Sensor Tower ရဲ့ ခန့်မှန်းချက်တွေအရ OpenAI ရဲ့ ChatGPT ဟာ ပြီးခဲ့တဲ့ မေလမှာ လစဉ်အသုံးပြုသူ အရေအတွက် (MAUs) ၁ ဘီလီယံ (သန်း ၁,၀၀၀ )အထိ ရှိလာခဲ့ပါတယ်။

ဒါဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စတင်မိတ်ဆက်ခဲ့ပြီးနောက် ၃ နှစ်ခွဲဝန်းကျင်အကြာမှာ ဒီမှတ်တိုင်ကို အမြန်ဆုံး ရောက်ရှိသွားတဲ့ အက်ပ်အဖြစ် စံချိန်တင်ခဲ့တာ ဖြစ်ပြီး Google Maps ထက်ပင် ပိုမိုမြန်ဆန်ခဲ့ပါတယ်။

ChatGPT surpasses 1 billion monthly users - Tech.az

ChatGPT က အသုံးပြုသူဦးရေမှာ သိသိသာသာ ရှေ့ကပြေးနေပေမယ့် ပြိုင်ဘက် AI အက်ပ်တွေဖြစ်တဲ့ Google ရဲ့ Gemini၊ ByteDance ရဲ့ Doubao နဲ့ Anthropic ရဲ့ Claude တို့ကလည်း အရှိန်အဟုန်နဲ့ လိုက်ပါနေပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက OpenAI ဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (Pentagon) နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်ရယူခဲ့တာကြောင့် အများပြည်သူအကြား မလုံခြုံမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ChatGPT အက်ပ်ကို ဖျက်ပစ်သူ (Uninstall လုပ်သူ) သိသိသာသာ များပြားခဲ့ပါတယ်။

အဲဒီအချိန်မှာ စစ်ဘက်ဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ Anthropic ရဲ့ Claude အက်ပ်ကတော့ အမေရိကန် App Store ရဲ့ ထိပ်ဆုံးနေရာကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ပါတယ်။

ChatGPT hits 1 billion users as public AI sentiment sours | The Tech Buzz

အလုပ်အကိုင်တွေ ဆုံးရှုံးမှာကို စိုးရိမ်တဲ့ ဘွဲ့ရလူငယ်တွေရဲ့ ကန့်ကွက်မှုတွေ၊ ပုပ်ရဟန်းမင်းကြီးရဲ့ သတိပေးမှုတွေနဲ့ အလုပ်သမားတွေရဲ့ ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့်လည်း AI နည်းပညာဟာ လူသားတွေရဲ့ နေ့စဉ်ဘဝထဲမှာ ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြီ ဖြစ်ပါတယ်။

စစ်တမ်းတွေအရ လုပ်ငန်းခွင်က အလုပ်သမားတွေရဲ့ ၇၄ ရာခိုင်နှုန်းဟာ AI ကို ပုံမှန်အသုံးပြုနေကြပြီး ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ တိုးတက်လာနေတဲ့ AI စျေးကွက်ဟာ ၂၀၃၃ ခုနှစ်မှာ ဒေါ်လာ ၄.၈ ထရီလီယံကျော်အထိ ရှိလာနိုင်ပါတယ်။

လက်ရှိမှာ OpenAI ရဲ့ CEO Sam Altman နဲ့ ပြိုင်ဘက် Anthropic ကုမ္ပဏီတို့ဟာ အမေရိကန် စျေးကွက်ထဲမှာ အများပြည်သူဆီ ရှယ်ယာပထမဆုံးအကြိမ် ထုတ်ရောင်းဖို့ (IPO) အတွက် အသီးသီး လျှောက်ထားပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

Ref: cnbc

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com