ChatGPT အသုံးပြုသူများအတွက် privacy protection ပိုမိုကောင်းမွန်လာစေမည့် feature အသစ်တစ်ခုကို OpenAI မှ စမ်းသပ်နေကြောင်း သိရှိရပါတယ်။ Android Authority ၏ ဖော်ပြချက်အရ ဤ feature သည် သုံးစွဲသူများအား သူတို့၏ ChatGPT စကားဝိုင်းများကို PIN code သို့မဟုတ် fingerprint scan ကဲ့သို့သော biometric authentication ဖြင့် လော့ခ်ချခွင့်ပြုမည်ဖြစ်ပါတယ်။
လက်ရှိတွင် ChatGPT က Temporary Chat mode ရှိနေပြီးသားဖြစ်သော်လည်း၊ ယင်း mode ၏ အဓိကအားနည်းချက်မှာ app ကို ပိတ်လိုက်တာနှင့် conversation history အားလုံး ပျောက်ကွယ်သွားခြင်းပင် ဖြစ်ပါတယ်။ အသစ်တင်သွင်းမည့် Lock feature ကမူ သုံးစွဲသူများအား စကားဝိုင်းများကို ဖျက်စရာမလိုဘဲ private ထားနိုင်စေမည်ဖြစ်ပြီး၊ လိုအပ်သည့်အခါ authentication ဖြင့် ပြန်ဖွင့်ကြည့်နိုင်မည်ဖြစ်ပါတယ်။
ဤ feature သည် app development process အစောပိုင်းအဆင့်တွင်ရှိနေသေးပြီး official launch date ကို OpenAI မှ တရားဝင်ထုတ်ဖော်ခြင်း မရှိသေးပါ။ သို့ရာတွင် ChatGPT ကို ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းအရာများ၊ အလုပ်ဆိုင်ရာစာရွက်စာတမ်းများအတွက် အသုံးပြုနေသော မြန်မာနိုင်ငံရှိ smartphone အသုံးပြုသူများအတွက် ဤ feature သည် အသုံးဝင်လှမည့် security layer တစ်ခု ဖြစ်လာနိုင်ပါတယ်။



