MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဂျပန်ရဲ့ အခက်ခဲဆုံး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို ChatGPT အမှတ်အများဆုံးနဲ့ ထိပ်ဆုံးက အောင်မြင်
News
news၂၀၂၆ ဧပြီ ၂၈

ဂျပန်ရဲ့ အခက်ခဲဆုံး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို ChatGPT အမှတ်အများဆုံးနဲ့ ထိပ်ဆုံးက အောင်မြင်

<p>ဂျပန်နိုင်ငံရဲ့ အကျော်ကြားဆုံး တိုကျိုတက္ကသိုလ်နဲ့ ကျိုတိုတက္ကသိုလ်တို့ရဲ့ ဝင်ခွင့်စာမေးပွဲမှာ ChatGPT (မော်ဒယ်သစ် 5.2 Thinking) က</p>

ဂျပန်နိုင်ငံရဲ့ အကျော်ကြားဆုံး တိုကျိုတက္ကသိုလ်နဲ့ ကျိုတိုတက္ကသိုလ်တို့ရဲ့ ဝင်ခွင့်စာမေးပွဲမှာ ChatGPT (မော်ဒယ်သစ် 5.2 Thinking) က ဝင်ရောက်ဖြေဆိုခဲ့ရာမှာ တကယ့် ထိပ်တန်းကျောင်းသားတွေထက်တောင် အမှတ်ပိုရပြီး အောင်မြင်သွားတာကြောင့် လူပြောများနေပါတယ်။

အထူးသဖြင့် တိုကျိုတက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာ ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးရတဲ့ လူသားကျောင်းသားထက် ၅၀ မှတ်တောင် ပိုရခဲ့သလို၊ သင်္ချာဘာသာရပ်မှာလည်း အမှတ်ပြည့် (Perfect Score) ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ၂၀၂၄ ခုနှစ်က ChatGPT-4 မော်ဒယ်နဲ့ စမ်းသပ်စဉ်က အောင်မှတ်မရခဲ့တဲ့ အခြေအနေကနေ တစ်နှစ်အတွင်း သိသိသာသာ တိုးတက်လာတဲ့ ရလဒ်လည်း ဖြစ်ပါတယ်။

ChatGPT passes Japan top universities' entrance exams with highest scores | The Straits Times

စမ်းသပ်ချက်တွေအရ ChatGPT ဟာ ဝိဇ္ဇာနဲ့ သိပ္ပံဘာသာရပ် အသီးသီးမှာ သတ်မှတ်ထားတဲ့ အမှတ်အများဆုံး စံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့သလို ကျိုတိုတက္ကသိုလ်ရဲ့ ဥပဒေနဲ့ ဆေးပညာဌာန ဝင်ခွင့်တွေမှာလည်း ထိပ်တန်းအမှတ်တွေ ရခဲ့ပါတယ်။

ဒါပေမဲ့ အားနည်းချက်အနေနဲ့ အင်္ဂလိပ်စာမှာ ၉၀ ရာခိုင်နှုန်းအထိ ရခဲ့ပေမယ့် ကမ္ဘာ့သမိုင်းလိုမျိုး ကိုယ်ပိုင်အတွေးအမြင်နဲ့ ရေးရတဲ့ အက်ဆေးမေးခွန်းတွေမှာတော့ ၂၅ ရာခိုင်နှုန်းပဲ ရရှိခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ AI အနေနဲ့ အချက်အလက်ပိုင်းမှာ ကျွမ်းကျင်ပေမယ့် လူသားတွေလို နက်နက်ရှိုင်းရှိုင်း ခံစားရေးသားရတဲ့အပိုင်းမှာတော့ လိုအပ်ချက် ရှိနေသေးတာကို ပြနေတာပါ။

ChatGPT passes Japan's top university entrance exams with top scores

ဒီရလဒ်နဲ့ပတ်သက်ပြီး ပညာရှင်တွေကတော့ AI ဟာ ဒေတာအချက်အလက် အမြောက်အမြားကို မှတ်သားနိုင်စွမ်းရှိတဲ့အတွက် ဂဏန်းပေါင်းစက်လိုပဲ အခုလို အမှတ်ကောင်းတာဟာ မထူးဆန်းဘူးလို့ သုံးသပ်ကြပါတယ်။ ဒါကြောင့် ရှေ့လျှောက်မှာ လူသားတွေနဲ့ AI ကို အပြိုင်အဆိုင် မလုပ်စေဘဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကိုလည်း အလွတ်ကျက်မှတ်မှုထက် တန်ဖိုးအသစ်တွေ ဖန်တီးနိုင်စွမ်းနဲ့ စဉ်းစားတွေးခေါ်မှုကို စစ်ဆေးတဲ့ ပုံစံမျိုးဖြစ်အောင် ပြောင်းလဲဖို့ အချိန်တန်ပြီလို့ အကြံပြုထားပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com